လီဗာပူးလ်အသင်းရဲ့မန်နေဂျာ ယာဂင်မ် ကလော့ပ်အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မတိုင်မီမှာ အသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ ရှိနေခဲ့တဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ သီယာဂို အဲလ်ကန်တာရာနဲ့ ဖာဘင်ညိုတို့ ၂ ဦးစလုံး ပွဲကစားဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေကြောင်း ပြောသွားခဲ့ပါတယ်။ ဖာဘင်ညိုအနေနဲ့ ပေါင်ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးကို လွဲချော်ခဲ့တာဖြစ်ပြီး သီယာဂိုကတော့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့တာကြောင့် လူစားလဲခံလိုက်ရတာဖြစ်ပါတယ်။

အဆိုပါကစားသမား ၂ ယောက်စလုံးကတော့ လီဗာပူးလ်အသင်းရဲ့ ပြင်သစ်မြို့တော်ခရီးစဉ်ကို လိုက်ပါခဲ့ကြပြီး ကလော့ပ်ကတော့ အဆိုပါကစားသမား ၂ ယောက်စလုံးအနေနဲ့ ဗိုလ်လုပွဲကို ကစားဖို့အတွက် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ “ခံစားချက်ကတော့ ကောင်းပါတယ်။ အတော်ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိုရောက်လာခဲ့ရတဲ့အပေါ်မှာ အများကြီး စိတ်လှုပ်ရှားရပါတယ်”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “နှစ်ယောက်စလုံးအတွက် ကြည့်လို့ကောင်းနေပါပြီ။ ဖာဘင်ညိုကတော့ ပုံမှန်လေ့ကျင့်ခန်းအစီအစဉ်ကို အပြည့်အဝပါဝင်နိုင်နေပါပြီ။ သီယာဂိုကတော့ မနေ့ကမှ လေ့ကျင့်ရေးအစီအစဉ် ပါဝင်လာနိုင်တာဖြစ်ပြီး ဒီနေ့မှာတော့ အဲဒီအနေအထားကနေ လာရတာပါ”လို့ ပြောလာခဲ့ပါတယ်။ ဖာဘင်ညိုရော သီယာဂိုပါ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုတွေအတွက် မရှိမဖြစ် ပါဝင်နေတဲ့ ကစားသမားတွေဖြစ်နေပြီး FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်သွားတဲ့ မန်ချက်စတာစီးတီးအသင်းထက် ၁ မှတ်သာ လျော့နည်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ ဘောလုံးရာသီတစ်ခုအတွင်း ဆုဖလား ၄ လုံးရယူနိုင်ဖို့အတွက် မန်ချက်စတာစီးတီးအသင်းရဲ့ ဦးဆောင်ခံခဲ့ရမှုက အတော်လေးနီးစပ်စေခဲ့ပေမယ့်လည်း မိုးပြာရောင်မန်ချက်စတာသားတွေရဲ့ မယုံနိုင်စရာ ပြန်လာနိုင်မှုက ရပ်တန့်စေခဲ့တာပါ။ ဒါပေမယ့် လီဗာပူးလ်အသင်းအနေနဲ့ တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ဖို့အတွက်တော့ နီးစပ်တဲ့ အနေအထားမှာ ရှိနေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ဆုဖလား ၃ လုံးအိပ်မက်က တကယ်ဖြစ်လာမှာဖြစ်ပါတယ်။

အဆိုပါချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ဘယ်အသင်းက ပိုရေပန်းစားနေသလဲဆိုတဲ့အမေးကို ကလော့ပ်က “ကျွန်တော်မသိဘူးလေ။ ကျွန်တော့်မှာ လွယ်ကူတဲ့ အဖြေတော့မရှိပါဘူး။ တကယ်လို့များ ခင်ဗျားတို့အနေနဲ့ ကလပ်အသင်းတွေရဲ့ သမိုင်းကြောင်းကိုကြည့်ပြီးရင် ရီးရဲလ်မက်ဒရစ်ရဲ့ Comeback အောင်ပွဲတွေကို ကြည့်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ သူတို့အသင်းလို့ပဲ ပြောရမှာလေ။ အတွေ့အကြုံကြောင့်ပေါ့”

“ကျွန်တော်ကတော့ ကျွန်တော်တို့ကို အဲဒီပုံစံမျိုး အဆင့်တစ်ခုအထိ ရှိစေချင်တယ်။ ကျွန်တော်ကတော့ ပွဲထဲမှာ လုံးဝကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားစေချင်တယ်။ တကယ်လို့များ ကျွန်တော်တို့ပွဲမှာ ကျွန်တော်တို့အသင်းက ထိပ်ရောက်နေရင် ကျွန်တော်တို့ကို ရင်ဆိုင်ကစားဖို့အတွက် ခက်ခဲနေပြီပေါ့။ ကျွန်တော့်ရဲ့ အဓိကစိုးရိမ်တာကတော့ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။ ပြီးတော့ ယုံကြည်ချက်ရှိဖို့ပေါ့။ ဘယ်သူက ရေပန်းစားနေလဲတော့ ကျွန်တော်မသိဘူး။ ပြီးတော့ အဲဒါကိုလည်း တကယ်ဂရုမစိုက်ဘူး”လို့ ပြောလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ကတော့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး လီဗာပူးလ်အသင်းက ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် နောက်ထပ် ၁၂ လ အကြာမှာတော့ ချန်ပီယံလိဂ်ဖလားပြန်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းရဲ့မန်နေဂျာ ယာဂင်မ် ကလော့ပ်အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မတိုင်မီမှာ အသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ ရှိနေခဲ့တဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ သီယာဂို အဲလ်ကန်တာရာနဲ့ ဖာဘင်ညိုတို့ ၂ ဦးစလုံး ပွဲကစားဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေကြောင်း ပြောသွားခဲ့ပါတယ်။ ဖာဘင်ညိုအနေနဲ့ ပေါင်ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးကို လွဲချော်ခဲ့တာဖြစ်ပြီး သီယာဂိုကတော့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့တာကြောင့် လူစားလဲခံလိုက်ရတာဖြစ်ပါတယ်။