ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းဟာ လာမယ့်စနေနေ့မှာကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအတွက် လီဗာပူးကို ရင်ဆိုင်ဖို့အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မက်ထရစ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပီအက်စ်ဂျီ ၊ ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့အား ကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ကာ လီဗာပူးက အင်တာ၊ ဘင်ဖီကာ နဲ့ ဗီလာရီးရဲလ်တို့ကို ကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်အသင်းဟာ လာလီဂါချန်ပီယံဆုကိုလည်း ဒုတိယနေရာက ဘာစီလိုနာကို ၁၃ မှတ်ဖြတ်ပြီး လက်ကျန် ၄ ပွဲအလိုမှာ ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးကတော့ စီးတီးအသင်းကို ၁ မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရပါတယ်။ လီဗာပူး အနေနဲ့ ရီးရဲလ်အသင်းကို ၂၀၁၈ တုန်းက ချန်ပီယံလိဂ်ရှုံးကြွေးလည်းဆပ်ရဦးမှာဖြစ်ပါတယ်။ လီဗာပူးအသင်း အနေနဲ့ မက်ဒရစ်အသင်း ချန်ပီယံလိဂ် ၁၄ ကြိမ်မြောက်ရရှိမှာကို ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ “တစ်သင်းလုံးအခြေအနေက အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ အားလုံးကလည်း စိတ်အားထက်သန်နေကြပါတယ်။ မာဆယ်လိုကတော့ ပြဿနာနည်းနည်းရှိပေမယ့် သူအဆင်ပြေပါတယ်။”

“စိတ်အားထက်သန်မှုက ကြီးမားနေပြီး ကမ္ဘာ့ဘောလုံးလောကရဲ့အကြီးမားဆုံးပွဲပါ။ အသင်းက ၈ နှစ်အတွင်း ၅ ကြိမ်မြောက် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒီအသင်းအတွက် ကစားပေးရမှာဖြစ်လို့ အားလုံးက ဂုဏ်ယူနေကြပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်စတား ဂါရတ်ဘေးလ်တစ်ယောက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုပြည့်ဝခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။အသက် ၃၂ နှစ်သားဟာ ဧပြီလ ၉ ရက်နေ့ကတည်းက နောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး မကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အန်ဆယ်လော့တီက ဘေးလ်တစ်ယောက် စနေနေ့မှာကစားမယ့် လီဗာပူးအသင်းနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီက ဟာဇက်တစ်ယောက်လည်း ပါဝင်လာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဟာဇက်က အခြေအနေကောင်းပါတယ်။ သူက ဖိုင်နယ်မှာ ကစားနိုင်မှာပါ။ ဘေးလ်လည်းအတူတူပါပဲ။ ကစားသမားအားလုံးက ကစားချင်နေကြပါတယ်။ ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်ရရင်တောင် ကစားချင်နေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်က ဂါရတ်ဘေးလ်အတွက် နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်လာနိုင်ပြီး စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဝေးလ်သားဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် နဲ့ လာလီဂါဖလား ၃ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ ဘေးလ်ဟာ သောကြာနေ့တုန်းက ဘက်တစ်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲတုန်းက အန်ဆယ်လော့တီရဲ့လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါပွဲမှာတော့ အရန်ခုံမှာသာ ပါဝင်ခွင့်ရရှိခဲ့ကာ အခုလာမယ့်စနေနေ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်းဟာ ၂၀၁၈ တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးဘက်ကို တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သေးတာဖြစ်ပါတယ်။ ဘေးလ်တစ်ယောက် ရီးရဲလ်က ထွက်ခွာဖြစ်ပါက တီကိုအသင်းက ကမ်းလှမ်းထားပြီး သူ့ရဲ့အေးဂျင့် ဘားနက်က အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းဟာ လာမယ့်စနေနေ့မှာကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအတွက် လီဗာပူးကို ရင်ဆိုင်ဖို့အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မက်ထရစ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပီအက်စ်ဂျီ ၊ ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့အား ကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ကာ လီဗာပူးက အင်တာ၊ ဘင်ဖီကာ နဲ့ ဗီလာရီးရဲလ်တို့ကို ကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်အသင်းဟာ လာလီဂါချန်ပီယံဆုကိုလည်း ဒုတိယနေရာက ဘာစီလိုနာကို ၁၃ မှတ်ဖြတ်ပြီး လက်ကျန် ၄ ပွဲအလိုမှာ ရယူနိုင်ခဲ့ပါတယ်။