လာမဲ့မေလ၂၈ရက်နေ့မှာ ကျင်းပတော့မဲ့ ရီရဲမက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဖွင့်ပွဲအခမ်းအနားမှာ Saint-Deniss Stade de France ကွင်းအတွင်းမှာ ဖျော်ဖြေမဲ့အဆိုတော်မလေးက ကာမီလာ ကာဘယ်လ်လိုဖြစ်ပါတယ်။ ကျူးဘားမှာမွေးဖွားခဲ့တဲ့ အမေရိကန်အဆိုတော်မလေးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က ခမ်းနားလှတဲ့ဖျော်ဖြေပွဲများစွာပြုလုပ်ခဲ့ရာ ဘောလုံးကွင်းအတွင်းမှာ ဖျော်ဖြေရတော့မှာဖြစ်ပြီး ဒီ့အတွက်စိတ်လှုပ်ရှားနေပါတယ်။

ဒါပေမဲ့လဲ အသက်၂၅နှစ်အရွယ် အဆိုတော်မလေးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို မရောက်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပရိတ်သတ်တဦးဖြစ်နေခဲ့တယ်လို့ ဒေးလီးစတားပါသတင်းအရသိရပါတယ်။ ကာမီလာ ကာဘယ်လ်လိုဟာ သူမရဲ့တတိယအယ်လ်ဘမ်ဖြစ်တဲ့ ဖန်မီလီယာထဲက ပေါက်သီချင်းအများစုကိုဖျော်ဖြေသွားလိမ့်မယ်လို့မျှော်လင့်ရပြီး အခုဆိုရင် ရီရဲမက်ဒရစ်အသင်းက ဗင်နင်းရှပ်ဂျူနီယာအပါအဝင် ဘောလုံးသမားအချို့ရဲ့ အင်စတာဂရမ်မှာဖောလိုလုပ်ခြင်းကိုတောင်ခံနေရပြီလို့လဲဆိုပါတယ်။

ဒါပေမဲ့ လူပျိုဘောလုံးသမားတွေအနေနဲ့ ပီကေးနဲ့ရှကီရာဇာတ်လမ်းလိုမျိုး သူမကိုမျှော်လင့်ဖို့မလွယ်တာက သူမဟာ လက်ရှိမှာ ကနေဒါအဆိုတော်လေး ရှောင်မန်ဒက်စ်နဲ့ တွဲနေတာကြောင့်မို့ပဲဖြစ်ပါတယ်။ ကျမ ဒီလထဲမှာ ပါရီက UEFAချန်ပီယံလိဂ်ဖိုင်နယ် စင်မြင့်ပေါ်တက်ရောက်ဖျော်ဖြေဖို့ရာအတွက် အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါပြီ။ ဒီပွဲကို အထူးစပါရှယ်ပွဲတပွဲအဖြစ် ဖျော်ဖြေပေးဖို့ရာအတွက် ကျမရည်ရွယ်ထားပြီး ကျမရဲ့ လက်တင်ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ တပါတည်းယူဆောင်လာဖို့နဲ့ ကမ္ဘာတဝှမ်းမျာရှိကြတဲ့ ဂီတနဲ့အားကစားပရိတ်သတ်တွေကို ဒီနှစ်မျိုးလုံးရဲ့တူညီတဲ့အရသာခံစားချက်တွေကိုပေးစွမ်းသွားချင်ပါတယ်။ ကျမမစောင့်နိုင်လောက်အောင်ပါပဲ လို့သူမကဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ သူမအားပေးတဲ့ မန်စီးတီးတို့ကတော့ စပိန်ဘီလူးကြီးဖြစ်တဲ့ ရီရဲမက်ဒရစ်တို့ကို အံ့အားသင့်ဖွယ်ရာ နောက်ကျဂိုးတွေနဲ့အတူ အရေးနိမ့်ပြီးပြိုင်ပွဲကထွက်သွားခဲ့ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖျော်ဖြေခဲ့တဲ့ဂီတပညာရှင်တွေကတော့ မက်ရှ်မဲလိုးနဲ့အထူးဧည့်သည်ဆလီနာဂိုးမက်ဇ်တို့ဖြစ်ကြပြီး ၂၀၁၈-၁၉ လီဗာပူးတို့ဗိုလ်စွဲခဲ့တဲ့နှစ်တုန်းက ဖျော်ဖြေခဲ့တဲ့အဖွဲ့ကတော့ အင်မေးဂျင်းဒရက်ဒ်ဂွန်အဖွဲ့ဖြစ်ပြီး သူတို့က ဖိုင်နယ်မှာ တော့တင်ဟမ်ဟော့စပါးကိုအားပေးခဲ့ကြပြီး အဖွူရောငျအကြီၤတှနေဲ့ဖြောျဖွခေဲ့ကွလို့ ပွဲဆူခဲ့ကြပါသေးတယ်။

ZAWGYI: လာမဲ့မေလ၂၈ရက်နေ့မှာ ကျင်းပတော့မဲ့ ရီရဲမက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဖွင့်ပွဲအခမ်းအနားမှာ Saint-Deniss Stade de France ကွင်းအတွင်းမှာ ဖျော်ဖြေမဲ့အဆိုတော်မလေးက ကာမီလာ ကာဘယ်လ်လိုဖြစ်ပါတယ်။ ကျူးဘားမှာမွေးဖွားခဲ့တဲ့ အမေရိကန်အဆိုတော်မလေးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က ခမ်းနားလှတဲ့ဖျော်ဖြေပွဲများစွာပြုလုပ်ခဲ့ရာ ဘောလုံးကွင်းအတွင်းမှာ ဖျော်ဖြေရတော့မှာဖြစ်ပြီး ဒီ့အတွက်စိတ်လှုပ်ရှားနေပါတယ်။