ချန်ပီယံလိဂ်ဖလားဆိုတာ ကလပ်အသင်းအဆင့်မှာတော့ အမြင့်မားဆုံး ဖလားတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဥရောပရဲ့ တကယ့်ဆရာ့ ဆရာအသင်းတွေ တွေ့ဆုံပြီး ယှဉ်ပြိုင်ကြရပြီးမှာ နောက်ဆုံးတစ်သင်းကသာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရှိတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ကစားသမားတွေ့ ကမ္ဘာ့ဖလား၊ ဘလွန်းဒီအော်ဆုတို့လို ရရှိဖို့ အင်မတန်မှ ခက်ခဲတဲ့ ဆုတွေကိုတောင် ရရှိခဲ့ကြပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ လက်ဖျားနဲ့တောင် ထိတွေ့ခွင့်မရခဲ့တဲ့ ကစားသမားတွေကြီးပဲ ဖြစ်ပါတယ်။

(၁)ကန်နာဗာရိုး။ ။ကန်နာဗာရိုးဟာ အင်တာမီလန်၊ ဂျုဗင်တပ်၊ ရီးရဲလ်မက်ဒရစ် နဲ့ ပါးမားတို့နဲ့ အတူ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လိဂ်ဖလားပေါင်းများစွာ ရရှိခဲ့ပြီး အီတလီနဲ့အတူ ကမ္ဘာ့ဖလားကိုတောင် ရရှိခဲ့တဲ့ သူပါ။ တစ်ဦးချင်းဆုတံဆိပ်မှာဆိုရင်လည်း ဘလွန်းဒီအော်လို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုတောင် နောက်တန်းလူတစ်ယောက် အနေနဲ့ ရှားရှားပါးပါး ရရှိထားခဲ့တဲ့ သူတစ်ယောက် ဖြစ်ခဲ့တာပါ။ အီတလီဘောလုံးလောကရဲ့ ဂန္ဓဝင်ကြီးတစ်ယောက် ဖြစ်တဲ့ ကန်နာဗာရို တစ်ယောက်ဟာအေစီမီလန်၊ ရီးရဲလ်နဲ့ အင်တာမီလန်တို့လို ချန်ပီယံလိဂ်မှာ အစဉ်အလာကြီးမားတဲ့ အသင်းကြီးတွေမှာ ကစားခဲ့ရပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ထိတွေ့ခွင့်မရ ရှိခဲ့ပါဘူး။

(၂)နစ္စတယ်ရွိုင်း။ ။ ပီအက်စ်ဗွီ၊မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်တို့ကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ် ကစားခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အဆိုပါ အသင်းတွေနဲ့ အတူ ပွဲပေါင်း(၇၃)ပွဲ အထိကစားခဲ့ပြီး၊ သွင်းဂိုး(၅၆)ဂိုးအထိသွင်းယူခဲ့ပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ စတုတ္ထဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ် ဖလားကိုတော့ တစ်ကြိမ်တခါမှ ရရှိခဲ့ ခြင်းတော့ မရှိခဲ့ပါဘူး။

(၃)ဘူဖွန်။ ။ဘူဖွန်ဟာ စီးရီးအေ(၁၁)ကြိမ်နဲ့ ကမ္ဘာ့ဖလားကိုတောင် ရရှိထားခဲ့တဲ့ တကယ့်ဂန္ဓဝင်ကစားသမားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပါးမား၊ ဂျုဗင်တပ်နဲ့ ပီအက်စ်ဂျီတို့နဲ့ အတူ ချန်ပီယံလိဂ်ပွဲပေါင်း (၁၂၅)ပွဲ အထိတောင် ကစားထားခဲ့တဲ့ ဂိုးသမားကြီးပါ။ ချန်ပီယံလိဂ် ဖိုင်နယ်ကို (၃)ကြိမ် အထိတက်ရောက်ထားနိုင်ခဲ့ပြီး (၃)ကြိမ်လုံးရှုံးနိမ့်ခဲ့တာကြောင့် ဘူဖွန်အတွက်တော့ တော်တော်လေးကို ဆိုးရွားလွန်းခဲ့တယ်လို့ဆိုရမှာပါ။ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားမရရှိခဲ့မှုကတော့ သူ့ရဲ့ ကစားသမားဘဝကို ပြည့်စုံဖို့ တစ်ခုခု လိုအပ်နေစေမှာပဲ ဖြစ်ပါတယ်။

(၄)အီဗရာဟီမိုဗစ်။ ။အေဂျက်၊ ဂျုဗင်တပ်၊အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို တကယ့် ထိပ်တန်း အသင်းကြီးတွေမှာ ကစားခဲ့ပေမဲ့ အီဗရာဟီမိုဗစ်ကတော့ တကယ့်နတ်ဘုရားလို့ တင်စားရလောက်အောက်ကို ချန်ပီယံလိဂ်ဖလားကို ထိတွေ့ခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကလွဲပြီး ကျန်တဲ့ အသင်းတွေ အားလုံးနဲ့ အတူ ဆုဖလားတွေကို သိမ်းပိုက်ရရှိခဲ့တဲ့ ကစားသမားကြီးတစ်ယောက်ဖြစ်ပြီး၊ သူ့ကိုယ်သူ နတ်ဘုရားကြီးရယ်လို့ တင်စားလေ့ရှိတဲ့ မိုဗစ်ရဲ့ အားသာချက်တော့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု အရှိဆုံးအသင်းတွေမှာ ကစားခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

Brazil’s Ronaldo celebrates after scoring the opening goal during the 2002 World Cup final soccer match between Brazil and Germany Sunday, June 30, 2002 in Yokohama, Japan. (AP Photo/Luca Bruno)

(၁)ရိုနယ်ဒို။ ။လက်ရှိ သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံး နံပါတ်(၉) တိုက်စစ်ကစားသမားရယ်လို့ ဘရာဇီး ရော်နယ်ဒိုကို သက်မှတ်ထားခံရတဲ့ ရိုနယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကိုတော့ ကိုင်မြှောက်နိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။ ဘလွန်းဒီအော်(၂)ကြိမ်နဲ့ ကမ္ဘာ့ဖလားဖလားအပြင် အမှတ်ပေးဖလားတွေကို ပါ ရရှိထားခဲ့ဖူးတဲ့ ရိုနယ်ဒိုဟာ အင်တာမီလန်၊ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့နဲ့ အတူ ချန်ပီယံလိဂ် ပွဲပေါင်း(၄၀) ကစားခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရရှိနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မှတ်ချက်။ ။ရိုနယ်ဒို ဘာစီလိုနာမှာ ကစားခဲ့စဉ်က ဘာစီလိုနာဟာ ချန်ပီယံလိဂ် မကစားခဲ့ရခြင်းမရှိတာကြောင့် ကိုယ်စားပြု ကစားခဲ့တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ မပါဝင်ခဲ့ ခြင်းဖြစ်ပါတယ်။

ZAWGYI: ချန်ပီယံလိဂ်ဖလားဆိုတာ ကလပ်အသင်းအဆင့်မှာတော့ အမြင့်မားဆုံး ဖလားတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဥရောပရဲ့ တကယ့်ဆရာ့ ဆရာအသင်းတွေ တွေ့ဆုံပြီး ယှဉ်ပြိုင်ကြရပြီးမှာ နောက်ဆုံးတစ်သင်းကသာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရှိတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ကစားသမားတွေ့ ကမ္ဘာ့ဖလား၊ ဘလွန်းဒီအော်ဆုတို့လို ရရှိဖို့ အင်မတန်မှ ခက်ခဲတဲ့ ဆုတွေကိုတောင် ရရှိခဲ့ကြပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ လက်ဖျားနဲ့တောင် ထိတွေ့ခွင့်မရခဲ့တဲ့ ကစားသမားတွေကြီးပဲ ဖြစ်ပါတယ်။