ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ဖက်ဒရီကို ဗယ်ဗာဒီကတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရရှိဖို့အတွက် သူ့မိန်းမကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုပြီး ချန်ပီယံလိဂ်ဖလားအပေါ် တန်ဖိုးထားတဲ့ အကြောင်းတွေကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆိုတာ ချန်ပီယံလိဂ်ဖလားကိ (၁၃)ကြိမ် အထိရရှိထားပြီး ချန်ပီယံလိဂ်သမိုင်းမှာ အကြိမ်အရေအတွက် အများဆုံးဗိုလ်စွဲထားတဲ့ အသင်းဖြစ်သလို ချန်ပီယံလိဂ် ဖိုင်နယ်ဆီကိုလည်း မကြာခဏတက်ရောက်လေ့ ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ည မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ဖိုင်နယ်ပွဲစဉ်ကတော့ ရီးရဲလ်မက်ဒရစ်တို့အတွက် ခက်ခဲတဲ့ ဗိုလ်လုပွဲ တစ်ခု ဖြစ်လာဖို့ သေချာနေတာပါ။ ရီးရဲလ်တို့ဟာ ချန်ပီယံလိဂ်ဖလားကို မကြာခဏ ရရှိလေ့ရှိတဲ့ အသင်းဖြစ်ပေမဲ့လည်း ဗယ်ဗာဒီကတော့ ချန်ပီယံလိဂ်ဖလားရဖို့ အတွက် မိန်းမကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ” ချန်ပီယံလိဂ်ဖလာဆိုတာ ကမ္ဘာပေါ်မှာ ရှိတဲ့ ကစားသမားတိုင်းအတွက် အနှိုင်းမဲ့တဲ့ ဖလားတစ်လုံးပါ၊ ဒီဖလားကို ရရှိဖို့အတွက် ကျွန်တော်ကတော့ အရာရာကို စွန့်လွှတ်နိုင်ပါတယ်၊ ကျွန်တော်သားက လွဲပြီးတော့ပေါ့ဗျာ၊ ကျွန်တော့်မိန်းမကိုတောင် စွန့်လွှတ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗယ်ဗာဒီရဲ့ ချန်ပီယံလိဂ်ဖလားရဖို့ အရာရာ စွန့်လွှတ်မယ်ဆိုတဲ့ ပြောစကားကို တစ်ယောက်ယောက်က များသံသယ ဖြစ်နေခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ (၂)နှစ်တုန်းက စူပါကိုပါဖိုင်နယ်မှာ အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့စဉ်က မိုရာတာကို ရည်ရွယ်ချက်ရှိရှိ လူချပြီး အသင်းဂိုးပေးရနိုင်တဲ့ အခြေအနေကနေ ကယ်တင်ခဲ့တာကို သတိရဖို့ ပြောရမှာပါ။ မိုရာတာကို လူချခဲ့တာကြောင့် ဗယ်ဗာဒီဟာ အနီကဒ် ထိခဲ့တာလည်း ဖြစ်ပါတယ်။ ဗယ်ဗာဒီဟာ (၂၀၁၇)ခုနှစ်မှာ ရီးရဲလ်ကို စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရီးရဲလ်ကစားသမားဘဝပထမဆုံးရာသီမှာ အငှားထွက်ကစားနေခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ (၂၀၁၈)ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်အသင်းမှာ ပါဝင်ခွင့်ရဖို့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ရီးရဲလ်တို့ဟာ (၂၀၁၆)၊(၂၀၁၇)၊(၂၀၁၈) (၃)နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာဆက်တိုက် ဗိုလ်စွဲနိုင်တဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဥရောပ ဖလားကနေ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းပြီးတဲ့နောက်ပိုင်း (၃)နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးသော အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အတွက်တော့ (၂၀၁၈)ခုနှစ်မှာ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပေမဲ့ နောက်တစ်နှစ်မှာတော့ စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရီးရဲလ်တို့နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒုတိယအကြိမ် တွေ့ဆုံနေပြီး လီဗာပူးလ်အနေနဲ့ (၂၀၁၈)ခုနှစ်တုန်းက ရှုံးကြွေးကိုဆပ်ဖို့ စိတ်အားထက်သန်လျက်ရှိနေတာ ဖြစ်ပါတယ်။ ပွဲမစခင်ကတည်းက ရီးရဲလ်နဲ့ လီဗာပူးလ်ကစားသမားတွေကြား အပြန်အလှန်ပြောဆိုမှုတွေက ပြင်းထန်ခဲ့ပြီး (၂၀၁၈)ခုနှစ်တုန်းက ရာမို့လက်ချက်နဲ့ ပွဲအစောပိုင်းကတည်းက လူစားလဲခံခဲ့ရတဲ့ ဆာလာကတော့ ရီးရဲလ်ကို လက်စားချေမယ့် အကြောင်းတွေကိုပဲ တဖွဖွ ပြောနေခဲ့တာ ဖြစ်ပါတယ်။

ဆာလာရဲ့ ပြောဆိုချက်တွေ အပေါ်မှာလည်း ရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဆာလာကို လေးစားမှု မရှိတဲ့ သူရယ်လို့ ပြောဆိုနေခဲ့ကြပြီး ဒီကစားသမားတွေထဲမှာ ဗယ်ဗာဒီလည်း ပါဝင်နေခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကလည်း ဒီနေ့ည (၁)နာရီ မိနစ်(၃၀)မှာ ကစားသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ပွဲမစခင်ကတည်းက အသံကုန်ဟစ်ကြွေးကြောနေခဲ့ကြတဲ့ လီဗာပူးလ်နဲ့ ရီးရဲလ်ကစားသမားတွေကြား ပြိုင်ဆိုင်မှုက ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာကတော့ မကြာခင် အဖြေပေါ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ဖက်ဒရီကို ဗယ်ဗာဒီကတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရရှိဖို့အတွက် သူ့မိန်းမကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုပြီး ချန်ပီယံလိဂ်ဖလားအပေါ် တန်ဖိုးထားတဲ့ အကြောင်းတွေကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆိုတာ ချန်ပီယံလိဂ်ဖလားကိ (၁၃)ကြိမ် အထိရရှိထားပြီး ချန်ပီယံလိဂ်သမိုင်းမှာ အကြိမ်အရေအတွက် အများဆုံးဗိုလ်စွဲထားတဲ့ အသင်းဖြစ်သလို ချန်ပီယံလိဂ် ဖိုင်နယ်ဆီကိုလည်း မကြာခဏတက်ရောက်လေ့ ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။