မနေ့က ညနေလောက်မှာ အာဆင်နယ် အသင်းရဲ့ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယား ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူပြီ ​ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ကြေညာ ခဲ့ပါတယ် ။ ဝီလ်ရှီးယား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဝီလ်ရှီးယား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။

ဝီလ်ရှီးယား ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၁၉၇ ပွဲ ကစားခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဝီလ်ရှီးယား ဟာ အာဆင်နယ် ပရိသတ်တွေရဲ့ favourite ကစားသမား ဖြစ်ပြီး အသင်းထံ ပြန်ခေါ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ် ။ အာဆင်နယ် အသင်းဟာ လစ်လပ်နေတဲ့ ယူ၁၈ အသင်း နည်းပြရာထူးကို ဂျက်ဝီလ်ရှီးယား ကို ပေးအပ် သွားမှာ ဖြစ်တယ်လို့ The Athletic UK ရဲ့ဖော်ပြချက် အရ သိရပါတယ် ။

ဂျက်ဝီလ်ရှီးယား တစ်ယောက် အသက် ၃၀ အရွယ်မှာပဲ ကစားသမား ဘဝကနေ အနားယူသွားတဲ့ အပေါ် သူ့ရဲ့ ဆရာဖြစ်သူ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က Football Daily မှာ ခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ကျွန်တော့်အတွက်ကတော့ ဝမ်းနည်း စိတ်မကောင်းစရာ အခိုက်အတန့် တစ်ခုပါပဲ ၊ ဘာလို့ အခုလို ပြောရတာလဲဆိုတော့ သူက သိပ်ကို ထူးချွန် ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့်ပါ ။ ”

” သူက ရဲရင့်မှု ရှိတယ် အရည်အသွေးကောင်းတွေ ရှိတယ် ဘယ်သူ့ကိုမှ မကြောက်တဲ့စိတ်လည်း ရှိတယ် ၊ ဒါကြောင့်လည်း ကျွန်တော်တို့ သူ့ကို အသက် ငယ်ငယ်ရွယ်ရွယ်မှာပဲ အသင်းကြီးမှာ ပွဲထွက် ကစားခွင့် ပေးခဲ့တာ ဖြစ်ပါတယ် ။ သူ ၂၀၀၈ ခုနှစ် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက်ကစားခွင့် ရခဲ့တာက သူ့ရဲ့တစ်မူထူးခြားတဲ့ စွမ်းရည်တွေကြောင့်ပါ ။ အဲ့နောက်ပိုင်းမှာ သူဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ် ။ ”

” ၂၀၂၂ ခုနှစ် အသက် ၃၀ အရွယ်မှာ ကစားသမား ဘဝ ကနေ ရပ်တန့်လိုက်တာကို ပြောရမယိ ဒီအရွယ်က ကွင်းလယ်လူ တစ်ဦးအတွက် နည်းစနစ်ပိုင်းကောင်းမွန်တဲ့သူအတွက် အရွယ်ကောင်းပါပဲ။ဒါပေမယ့် ဒီနေရာမှာ ဂျက်ရဲ့ကစားသမားဘ​ဝ အကြောင်း တစ်ချက်ပြောရပါမယ် ၊ သူက ဒဏ်ရာပြဿနာတွေကြောင့် လုံလောက်တဲ့ ပွဲကစားခွင့် မရခဲ့ပါဘူး ။ ဒါကြောင့်လည်း သူဆက်မကစားတော့ဖို့ ဆုံးဖြတ်လိုက်တာပါ ။ ”

” ခင်ဗျားသာ သူ့လို ကြယ်ပွင့် တစ်ဦး​ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အကောင်းဆုံး အနေအထားအတိုင်း မကစားနိုင်တော့တဲ့ အခါမှာ လက်ခံရ ခက်ခဲ နေပါလိမ့်မယ် ။ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့အထိ ဖြစ်တတ်ပါတယ် ၊ ကျွန်တော်ကတော့ သူမှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: မနေ့က ညနေလောက်မှာ အာဆင်နယ် အသင်းရဲ့ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယား ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူပြီ ​ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ကြေညာ ခဲ့ပါတယ် ။ ဝီလ်ရှီးယား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဝီလ်ရှီးယား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။