ယာဂျန်ကလော့က သူ့ရဲ့ ပြိုင်ဘက်က ကစားသမား ခေါ်ယူမှုနဲ့ ပတ်သတ်ပြီး သူ့ဆီက မလုယူသေးသရွေ့ ဘယ်ကစားသမားကိုမှ အပြစ်တင်ခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ကြိုးကြာနီ နည်းပြကြီးက ယခု စနေနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲက ချဲလ်ဆီးလို အသင်းဟာ ခေါ်ယူမှုတွေအတွက် အစဥ်အလာအားဖြင့် ပိုမိုသုံးစွဲနိုင်တယ်လို့ လက်ခံထားပါတယ်။ ဆုဖလား ပြိုင်ဘက် စီးတီး အသင်းကတော့ မတူညီတဲ့ လိဂ်မှာ ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ စီးတီး အသင်းဟာ ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ဆုဖလားနဲ့ နီးစပ်နေပြီ ဖြစ်ပေမဲ့ အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ စုစုပေါင်း ပေါင် သန်း ၃၀၀ ပတ်ဝန်းကျင်လောက်အထိ တွက်ထားမိကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

ဒါဟာ စီးတီး အသင်းက လာမဲ့ နှစ်တွေမှာ ထိန်းချုပ်လို့ မရနိုင်တဲ့အထိ ဖြစ်လာလိမ့်မယ်လို့ အားလုံးကို တွေးထင်စေခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူး နည်းပြကြီးကတော့ ဒီ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မစိုးရိမ်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ ကလော့က ” ဘောလုံး ကစားပွဲဆိုတာ တစ်ခါတစ်လေ ကစားသမား တစ်ဦးတည်းက ဆုံးဖြတ်ပေးရတာပါ။ အကြိမ်တော်တော်များများ သူတို့ရဲ့ အရည်အသွေးကို ကြည့်ပြီး ဆုံးဖြတ်ခံရတာပါ။ ကျွန်တော်တို့ သူ့ရဲ့ စွမ်းဆောင်ရည် တစ်ခုလုံးနဲ့ လက်တွဲဖို့အတွက်လည်း ဆုံးဖြတ်ရပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ အနာဂတ်မှာလည်း ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေဦးမှာပါ။ ”

” ဒါကြောင့် အခြားအသင်းတွေ ပြုလုပ်နေတာတွေက အဓိက အကြောင်းအရာမဟုတ်ပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။ ကလော့က စီးတီးဟာ ဟားလန်းအတွက် ဘယ်လောက်အထိ သုံးစွဲသွားမလဲဆိုတာ မသိကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးတော့ သူက ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူးကို စိတ်ဝင်စားသလား ဆိုတာလည်း မသိကြောင်း ပြောဆိုခဲ့ပါသေးတယ်။ အဲဒီအစား ကစားသမားဟာ သူ့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်မှာကိုသာ စိုးရိမ်နေတာပါ။ ဥပမာပြောရရင် ၂၀၁၈ ခုနှစ်မှာ ကော်တင်ဟိုကို ဘာစီလိုနာထံ လက်လွှတ်လိုက်ရတာမျိုးပါ။ ပြီးတော့ သူက ” အရိုးသားဆုံး ပြောရရင် ‘ ဘုရားရေ ၊ သူတို့ ဟာလန်းကို ခေါ်လိုက်နိုင်ပြီ ‘ လို့ တစ်ခါမှ မတွေးဖူးပါဘူး။ တစ်ခြားအသင်း ဘာလုပ်တယ်ဆိုတဲ့အပေါ် ကျွန်တော် တစ်ခါမှ မတွေးဖူးပါဘူး။ ”

” သူတို့ ကျွန်တော့်ဆီက ကစားသမားတွေ ခေါ်ယူတဲ့အချိန် ၊ ဂျာမနီမြေမှာတော့ မကြာခဏ ဖြစ်နေကျပါ။ ဒါကတော့ မမိုက်ပါဘူး။ ဒါပေမဲ့ သူတို့ ကျွန်တော့်ဆီက ကစားသမားကို မခေါ်သေးသရွေ့ကတော့ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတဲ့ အပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ ဒါ့ကြောင့် ဒါတွေကို ဖယ်လိုက်ပါ။ ကျွန်တော်တို့ ကြိုးစားကြတာပေါ့။ ” လို့ ပြောဆိုသွားပါတယ်။ ကလော့က ယခုရာသီ လီဗာပူး အသင်းရဲ့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ဖိုင်နယ် ၂ ခုလုံးနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ်။

သူက ပြီးခဲ့တဲ့ ရာသီ ဒီပြိုင်ပွဲ ၂ ခုလုံးမှာ သူ့ရဲ့ ချဥ်းကပ်ပုံနဲ့ ပတ်သတ်ပြီးလည်း ဖြေကြားခဲ့ပါသေးတယ်။ သူက ” လူတွေက ကျွန်တော်က ပြည်တွင်းဖလား ပြိုင်ဆိုင်မှုမှာ ဘာမှမဟုတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ ဒါကတော့ အမှန်မဟုတ်ပါဘူး။ ပုံစံကောင်း ပြသနိုင်တာကြောင့် သူတို့ ပြောသလို မဖြစ်ခဲ့ပါဘူး။ ဝင်ဘာလေ ကွင်းက အရမ်း ကြီးကျယ်ခမ်းနားပါတယ်။ အရိုးသားဆုံး ပြောရရင် ဆုဖလားက လီဗာပူးဆီကို အနည်းငယ်လောက် ပိုမို နီးစပ်မယ်ဆိုရင် ပိုကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက မှန်ကန်တဲ့ လမ်းကြောင်းပါ။ ဒါပေမဲ့ ဒါက ကျွန်တော် ပြောဆိုနိုင်တဲ့ တစ်ခုတည်းသော မကောင်းတဲ့ အချက်ပါ။ ”

” အခုရာသီမှာတော့ နောက်တစ်ကြိမ် ဖြစ်လာပြန်ပါပြီ။ ကျွန်တော် ဒီလို ပတ်ဝန်းကျင်ကို ခံစားဖို့ မစောင့်နိုင်တော့ပါဘူး။ တကယ်ကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံရမှာပါ။ ဒါပေမဲ့ ဖိုင်နယ်ပွဲစဥ်တွေမှာ ဒီလို အသင်းနဲ့ တွေ့ဆုံရတာက သဘာဝပါပဲ။ ကျွန်တော် သောမတ်စ်တူချယ်ကို ကောင်းကောင်းသိပါတယ်။ ပြီးတော့ ကစားသမားတွေကလည်း အောင်မြင်တဲ့ ရာသီ တစ်ခုကို ​ပိုင်ဆိုင်ချင်နေတာပါ။ ဒါဟာ အရမ်းကောင်းတဲ့ ရာသီပါ။ သူတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က သူတို့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူတို့က ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဒါ့ကြောင့် သူတို့က ခက်ခဲတဲ့ ရာသီမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူတို့ ဒီဖလားကို ရချင်နေမှာ အမှန်ပါ။ သူတို့ ဘယ်လိုပုံနဲ့ စတင်လာမယ်ဆိုတာ မသိပါဘူး။ မတူညီတဲ့ ရွေးချယ်မှုတွေ ရှိနေမှာဖြစ်တာကြောင့် ပြင်ဆင်မှုက စိတ်ဝင်စားစရာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI: ယာဂျန်ကလော့က သူ့ရဲ့ ပြိုင်ဘက်က ကစားသမား ခေါ်ယူမှုနဲ့ ပတ်သတ်ပြီး သူ့ဆီက မလုယူသေးသရွေ့ ဘယ်ကစားသမားကိုမှ အပြစ်တင်ခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ကြိုးကြာနီ နည်းပြကြီးက ယခု စနေနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲက ချဲလ်ဆီးလို အသင်းဟာ ခေါ်ယူမှုတွေအတွက် အစဥ်အလာအားဖြင့် ပိုမိုသုံးစွဲနိုင်တယ်လို့ လက်ခံထားပါတယ်။ ဆုဖလား ပြိုင်ဘက် စီးတီး အသင်းကတော့ မတူညီတဲ့ လိဂ်မှာ ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ စီးတီး အသင်းဟာ ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ဆုဖလားနဲ့ နီးစပ်နေပြီ ဖြစ်ပေမဲ့ အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ စုစုပေါင်း ပေါင် သန်း ၃၀၀ ပတ်ဝန်းကျင်လောက်အထိ တွက်ထားမိကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။