ညက ကစားသွားခဲ့ကြတဲ့ ရိုးမား အသင်းနဲ့ ဖီရင်နု အသင်းတို့ရဲ့ ယူရို ကွန်ဖရန့်လိဂ် ဖိုင်နယ်ပွဲစဉ်မှာတော့ ရိုးမား အသင်းတို့ဟာ ဇာနီရိုလိုရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖလားကြီးကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရိုးမားတို့အနေနဲ့ကတော့ သူတို့အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယူအီးအက်ဖ်အေက ကြီးမှူးကျင်းပတဲ့ ဥရောပ ဖလား ပြိုင်ပွဲမှာ ချန်ပီယံ အဖြစ် ဗိုလ်စွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ရိုးမား နည်းပြ မော်ရင်ဟိုရဲ့ ရိုးရာ အတိုင်း အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ ပထမပိုင်း ပွဲကစားချိန် (၃၂) မိနစ်မှာ ဇာနီရိုလိုရဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပြီးကတည်းက မော်ရင်ဟိုဟာ ဘောလုံးကို ကိုင်မကစားတော့ပဲ ဖီရင်နုကိုသာ ဘောလုံး ကိုင်ကစားခွင့်ပေးခဲ့တာ ဖြစ်ပြီး ခံစစ်မှာ သာ အချိန်ကုန်နေစေခဲ့တာ ဖြစ်ပါတယ်။ ဖီရင်နုတို့ အနေနဲ့ မော်ရင်ဟိုရဲ့ ရိုးမားကို ဘောလုံး ပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းနီးပါး အထိ အသာစီးရယူပြီး ကစားခဲ့ပေမဲ့ ချေပဂိုးရနိုင်လောက်တဲ့ အထိတော့ အခွင့်အရေး ကြီးကြီးမားမား မရရှိခဲ့ပဲ ပွဲပြီးဆုံးချိန်မှာတော့ ရိုးမား အသင်းက (၁)ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ယူအီးအက်ဖ်အေကနေ ကျင်းပနေတဲ့ ဥရောပ ပြိုင်ပွဲတွေရဲ့ နောက်ဆုံး ဗိုလ်လုပွဲ (၅)ပွဲဆက် အသင်းတိုင်းဟာ တစ်ဂိုးထက် ပိုမသွင်းနိုင်တဲ့ မှတ်တမ်းတစ်ခုကိုလည်း ရရှိသွားခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တုန်းကလည်း ဘိုင်ယန်ဟာ ပီအက်စ်ဂျီကို (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ဖိုင်နယ်တုန်းကလည်း တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဗီလာရီးရဲလ်က အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း ချဲလ်ဆီးက (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ ရိန်းဂျားအသင်းတို့ရဲ့ ယူရိုပါလိဂ် ဖိုင်နယ်မှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူပြီး ဖရန့်ဖတ်က ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ဒီတစ်ကြိမ်အပါအဝင်ဆိုရင် ဖီရင်နုနဲ့ ရိုးမားတို့ဟာ (၃)ကြိမ် ရင်ဆိုင်ထားခဲ့ဖူးတာပါ။ ဒီ(၃)ကြိမ်လုံးမှာ ရိုးမား အသင်းကပဲ အသာရခဲ့တာ ဖြစ်ပြီး (၂)ကြိမ် နိုင် (၁)ပွဲ သရေ ကျထားခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုတို့ဟာ ရိုးမား အသင်းနဲ့ အတူ ယူရိုကွန်ဖရန့်ဖလားကို ရရှိနိုင်ခဲ့ပြီးတဲ့နောက် ဂျီရိုဗာနီ ထရပါတိုနီ ပြီးရင် ဥရောပ အဓိကဖလား (၅)ခုလုံးကို ရရှိတဲ့ ဒုတိယမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုဟာ ယူအီးအက်ဖ်အေဖလား (၁)ကြိမ်၊ ယူရိုပါလိဂ်ဖလား (၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်နဲ့ လက်ရှိ ယူရိုကွန်ဖရန့်လိဂ် ဖလားတို့ကို (၁)ကြိမ် ဆွတ်ခူး ရရှိထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ရိုးမား အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဇာနီယိုလိုဟာ အသက်(၂၂)နှစ်ရဲ့ (၃၂၇)ရက်သာ ရှိသေးပြီး၊ ဒယ်ပီယာရို ပြီးရင် ဥရောပ ပြိုင်ပွဲတစ်ခုရဲ့ ဖိုင်နယ် ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုအတွက်လည်း ယူအီးအက်ဖ်အေကနေ ကျင်းပတဲ့ ယူရိုကွန်ဖရန့်လိဂ်၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲစဉ်တိုင်းကို ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ (၅)ယောက် မြောက်နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

နောက်ထပ် ထူးထူးခြားခြား မှတ်တမ်းတစ်ခုကတော့ မော်ရင်ဟိုဟာပေါ်တို၊ အင်တာမီလန်၊ မန်ချက်စတာ ယူနိုက်တက်၊ ရိုးမား စတဲ့ မတူညီတဲ့ အသင်း(၄)သင်းနဲ့ အတူ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်တွေမှာ ဆုဖလား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြ လည်း ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုကတော့ တကယ့်ကို စပါယ်ရှယ် ဝမ်း တစ်ယောက် ဖြစ်ခဲ့ပြီး သူကိုင်တွယ်နေတဲ့ အသင်းတိုင်းကို ဖလား ရယူပေးနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့တာကြောင့် မော်ရင်ဟိုအတွက်ရော ရိုးမား အတွက်ပါ အလွန်ချို မြိန်တဲ့ ညတညဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ ရိုးမား အသင်းနဲ့ ဖီရင်နု အသင်းတို့ရဲ့ ယူရို ကွန်ဖရန့်လိဂ် ဖိုင်နယ်ပွဲစဉ်မှာတော့ ရိုးမား အသင်းတို့ဟာ ဇာနီရိုလိုရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖလားကြီးကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရိုးမားတို့အနေနဲ့ကတော့ သူတို့အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယူအီးအက်ဖ်အေက ကြီးမှူးကျင်းပတဲ့ ဥရောပ ဖလား ပြိုင်ပွဲမှာ ချန်ပီယံ အဖြစ် ဗိုလ်စွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ရိုးမား နည်းပြ မော်ရင်ဟိုရဲ့ ရိုးရာ အတိုင်း အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။