မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်တိုနီယို ကွန်တီကို နည်းပြသစ် ခန့်အပ်ဖို့ အခွင့်ကောင်းတွေ ရရှိခဲ့ပေမယ့်၊ ဒီအခွင့်အရေးကို အသုံးမချခဲ့တာကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေရတယ်လို့ သရဲနီ နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ပြောလိုက်ပါတယ်။ သူနဲ့အတူ ဂျူဗင်တပ်စ် အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကွန်တီဟာ အိုးထရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ပြနိုင် လိမ့်မယ်လို့ အီဗရာက ယုံကြည်နေပြီး၊ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို မထုတ်ပယ်ခင်က ဒီနည်းပြကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ၂၀၂၁၂၀၂၂ခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ အတိုင်ပင်ခံ ဖြစ်လာမယ့် ရာ့ဖ်ရန်းဂနစ်ခ်ကိုပဲ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာ့ဖ်ရန်းဂနစ်ခ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ရာမှာ တပွဲပျှမ်းမျှ ၁.၅မှတ်သာ ရရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာ အနိုင်ရရှိမှု ၄၂ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီမှတ်တမ်း နှစ်ခုစလုံးဟာ ယူနိုက်တက် နည်းပြတွေထဲမှာ စွမ်းဆောင်ရည် အနိမ့်ဆုံး ဖြစ်ခဲ့ပြီး၊ သရဲနီတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ ချိတ်ဆက်ခဲ့ဖူးတဲ့ ကွန်တီဟာ တော့တင်ဟမ် ဟော့စပါး အသင်းကို သူစတင် တာဝန်ယူချိန်မှာ အဆင့်၉နေရာသာ ရပ်တည်နေခဲ့ပေမယ့်၊ ရာသီကုန်မှာ အဆင့်၄ နေရာကနေ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက အသင်း အနေနဲ့ ကွန်တီကိုသာ ခေါ်ယူနိုင် ခဲ့မယ်ဆိုရင် လက်ရှိ အနေအထားထက် အများကြီး ပိုကောင်းနေလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီနည်းပြကို မခေါ်ယူနိုင်ခဲ့တာ ရင်နာနေမိတယ်လို့ အခုလို ပြောလိုက်ပါတယ်။

“ကွန်တီကို မခေါ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် အခုထိ နာကျင်နေရတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ကွန်တီ၊ ဂျာဂန်ကလော့ပ်နဲ့ ပပ်ဂွာဒီယိုလာတို့ဟာ အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေလေ။ ကျွန်တော်တို့ အနေနဲ့ သူ့ကို မန်ချက်စတာရောက်အောင် ခေါ်ယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကလပ်မှာရှိတဲ့ လူတချို့က(ဒီနည်းပြဟာ ငါတို့အသင်း ပုံစံနဲ့ မကိုက်ညီဘူး၊ ငါတို့ရှာနေတဲ့ နည်းပြမျိုး မဟုတ်ဘူး)လို့ ပြောခဲ့ကြပါတယ်။ ကဲ အခု ကျွန်တော်တို့မှာ အဲရစ်တန်းဟဂ် ရှိနေပြီလေ။ သူ ဘာဆက်လုပ်နိုင်မလဲ စောင့်ကြည့်ကြသေးတာပေါ့ဗျာ။”

“တန်းဟဂ်ကိုလည်း ကျွန်တော် ဒီအသင်းရဲ့ နည်းပြအဖြစ် ထောက်ခံသွားမှာပါ။ ဒါပေမယ့် သူ့ကိုမှမဟုတ်ဘူး ဘယ်သူ့ကိုဖြစ်ဖြစ် ကျွန်တော် အပြည့်အဝ ထောက်ခံပေးမှာပါ။ နောက်ဆုံး စားဖိုမှူး တယောက်ကို မန်ချက်စတာ ယူနိုက်တက် နည်းပြအဖြစ် ခေါ်လာရင်တောင် ကျွန်တော် ထောက်ခံပေးမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခေါ်ထားပြီးသား ဖြစ်နေပြီလေ။ ဒါပေမယ့် ကွန်တီကို မခေါ်နိုင်ခဲ့တာတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။ သူ့ကိုသာ ခေါ်နိုင်ခဲ့ရင် ဒီအချိန် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူ တခုခု လုပ်ပြပြီးနေလောက်ပါပြီ။”

“အခု တော့တင်ဟမ် ဟော့စပါး အသင်းကို ခင်ဗျား ကြည့်လိုက်ပါ။ အဲဒီအသင်းကို သူက ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ ကစားသမား အင်အား သိပ်မကွာပါဘူး။ ဒါကိုကြည့်ရင် ကွန်တီက ဘယ်လို နည်းပြလဲ ဆိုတာ သိနိုင်မှာဖြစ်ပြီး၊ သူက တကယ် ထူးချွန်တဲ့သူပါ။ ကျွန်တော် ဂျူဗင်တပ်စ်ကို စရောက်တဲ့ အချိန်မှာ အဲဒီအသင်းရဲ့ ကစားသမားတိုင်းက(ပက်ထရစ်ရေ ဒီနည်းပြက တကယ့် ဥာဏ်ကြီးရှင်နော်၊ သူက ဘောလုံးနဲ့ ပတ်သက်ပြီး တအား ရူးသွပ်တာကွ)”

“(အဲဒါကြောင့် မင်းအနေနဲ့ သူ့လက်အောက်မှာ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုလိမ့်မယ်၊ သူက မင်းကို ချွေးထွက်တဲ့အထိ အလုပ် လုပ်ခိုင်းတော့မှာ။)လို့ ပြောခဲ့ကြပါတယ်။ သူက အဲလို တောင်းဆိုမှုများတဲ့ နည်းပြ ဖြစ်ပေမယ့် အခု တော့တင်ဟမ် ဟော့စပါး ပရိတ်သတ်တွေကို ခင်ဗျား ကြည့်လိုက်ပါ။ သူတို့ ပျော်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ အဲဒီအသင်း ပရိတ်သတ်တွေဟာ သူတို့ အနိုင်ရတာပဲဖြစ်ဖြစ်၊ ရှုံးသွားတာပဲဖြစ်ဖြစ် အရာအားလုံး ပေးဆပ်ကစားမယ့် ကစားသမားတွေကို မြင်တွေ့ခွင့် ရနေကြတာလေ။”

“ကွန်တီက သူ့ရဲ့ ကစားသမားတွေကို အဲလိုစိတ်ဓာတ်မျိုး ရိုက်သွင်းပေးခဲ့တာပါ။ အဲဒါတွေကို မြင်နေရလို့ ကျွန်တော် အခုထိ နာကျင်နေရတာပါ။ တော့တင်ဟမ် ဟော့စပါး အသင်းကို မနာလိုတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ဘောလုံး အသင်းတိုင်းကို ချစ်တတ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ မခေါ်နိုင်ခဲ့တဲ့ နည်းပြက အပြောင်းအလဲ တခုခု လုပ်ပြထားနိုင်ခဲ့လို့ တကယ် ရင်နာမိပါတယ်။”

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်တိုနီယို ကွန်တီကို နည်းပြသစ် ခန့်အပ်ဖို့ အခွင့်ကောင်းတွေ ရရှိခဲ့ပေမယ့်၊ ဒီအခွင့်အရေးကို အသုံးမချခဲ့တာကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေရတယ်လို့ သရဲနီ နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ပြောလိုက်ပါတယ်။ သူနဲ့အတူ ဂျူဗင်တပ်စ် အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကွန်တီဟာ အိုးထရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ပြနိုင် လိမ့်မယ်လို့ အီဗရာက ယုံကြည်နေပြီး၊ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို မထုတ်ပယ်ခင်က ဒီနည်းပြကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ၂၀၂၁၂၀၂၂ခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ အတိုင်ပင်ခံ ဖြစ်လာမယ့် ရာ့ဖ်ရန်းဂနစ်ခ်ကိုပဲ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာ့ဖ်ရန်းဂနစ်ခ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ရာမှာ တပွဲပျှမ်းမျှ ၁.၅မှတ်သာ ရရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာ အနိုင်ရရှိမှု ၄၂ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီမှတ်တမ်း နှစ်ခုစလုံးဟာ ယူနိုက်တက် နည်းပြတွေထဲမှာ စွမ်းဆောင်ရည် အနိမ့်ဆုံး ဖြစ်ခဲ့ပြီး၊ သရဲနီတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ ချိတ်ဆက်ခဲ့ဖူးတဲ့ ကွန်တီဟာ တော့တင်ဟမ် ဟော့စပါး အသင်းကို သူ.စတင် တာဝန်ယူချိန်မှာ အဆင့်၉နေရာသာ ရပ်တည်နေခဲ့ပေမယ့်၊ ရာသီကုန်မှာ အဆင့်၄ နေရာကနေ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက အသင်း အနေနဲ့ ကွန်တီကိုသာ ခေါ်ယူနိုင် ခဲ့မယ်ဆိုရင် လက်ရှိ အနေအထားထက် အများကြီး ပိုကောင်းနေလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီနည်းပြကို မခေါ်ယူနိုင်ခဲ့တာ ရင်နာနေမိတယ်လို့ အခုလို ပြောလိုက်ပါတယ်။