အာဆင်နယ်ကတော့ မြောက်လန်ဒန်ဒါဘီမှာ ဒိုင်ရဲ့ ရက်စက်မှုတွေကြား မရှုမလှ အရေးနိမ့်ခဲ့ပါတယ်။အိမ်ရှင်စပါးဟာ ဒီပွဲမှာ ၃-၄-၂-၁ ကစားကွက်နဲ့ ခင်းကျင်းလာခဲ့ပြီး ကိန်း၊ ဆွန်၊ ကူလူဆက်စကီးတို့ တိုက်စစ်ကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာ ဟော့ဘတ်ချ်၊ ဘန်တန်ကာတို့ကို တွဲပေးခဲ့ပြီး နောက်တန်းမှာ ဒေးဗီးစ်၊ ဒိုင်ယာ၊ ဆန်းချက်ဇ်တို့ကို အသုံးပြုခဲ့ပြီးဆက်ဆီနွန်နဲ့ အီမာဆင်တို့ကို Full Back တွေအဖြစ် ထားခဲ့ပါတယ်။

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲက လူစာရင်းကို အပြောင်းအလဲ မလုပ်ခဲ့ဘဲ နကီတီယာ၊ မာတင်နယ်လီ၊ အိုဒီဂတ်၊ဆာကာတို့ တိုက်စစ်ကို သုံးခဲ့ပြီးကွင်းလယ်မှာ အယ်လ်နီနီနဲ့ ဂျာကာတို့ကို တွဲပေးခဲ့ပါတယ်။နောက်တန်းမှာ တိုမီယာဆုကို ဘယ်ခြမ်းမှာသာ ဆက်လက်သုံးခဲ့ပြီး ဘန်ဝှိုက်လည်း ပါဝင်နိုင်သေးခြင်း မရှိပါဘူး။ ကစားသမား ပြဿနာရှိနေတဲ့ နောက်တန်းအတွက် အာတီတာရဲ့ဗျူဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ တကယ့်ကောင်တဲ့ ဖြစ်တဲ့ ဆွန်ဟောင်မင်ကိုမှ အသင်းနောက်တန်းရဲ့ အားအနည်းဆုံးနှစ်ယောက်ဖြစ်တဲ့ ဆယ်ဒရစ်နဲ့ဟိုလ်ဒင်းကို သွားထိန်းခိုင်းလိုက်တာ အာတီတာ မှားတာပါပဲ။

ပထမပိုင်းတစ်ပိုင်းလုံးမှာလည်း ဆယ်ဒရစ်နဲ့ ဟိုလ်ဒင်းတို့နှစ်ယောက်စလုံး ဆွန်ကို မနိုင်ခဲ့ဘဲ တစ်ယောက်က ဆွန်ကိုထိန်းရင်း ပင်နယ်တီပေးခဲ့ကာ နောက်တစ်ယောက်ကလည်းဆွန်ကြောင့် အနီကတ်ထိခဲ့ပါတယ်။အမှားမခံတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပွဲအစပိုင်းမိနစ်တွေမှာ နှစ်သင်းစလုံးက တစ်သင်းအမှားတစ်သင်း ချောင်းနေရင်း အရဲစွန့်တိုက်စစ်ဆင်တာမျိုး မလုပ်ပါဘူး။ ကွင်းလယ်မှာပဲ အကဲစမ်းနေကြရင်း ၂၂ မိနစ်မှာတော့ ဒီပွဲရဲ့ ပထမဆုံးအလှည့်အပြောင်းစတင်ခဲ့ပါတယ်။

ဒါကတော့ ဆွန်ကိုပင်နယ်တီစည်းအတွင်း ဆယ်ဒရစ် တွန်းခဲ့တယ်ဆိုပြီး စပါးပင်နယ်တီရခဲ့ကာ ကိန်းကအမှားအယွင်း မရှိကန်သွင်းခဲ့ပါတယ်။ အဲဒီနောက် ၃၃ မိနစ်မှာ ဆွန်ကို တံတောင်နဲ့ ရိုက်ခဲ့တယ်ဆိုပြီး အာဆင်နယ်နောက်ခံလူ ဟိုလ်ဒင်း နှစ်ဝါ၊ တစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ပေးလိုက်ရတဲ့ ပင်နယ်တီ၊ အနီကတ်တွေအတွက် အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒိုင်ကိုအပြစ်တင်မဲ့အစား ပါးနပ်ခြင်းမရှိဘဲ ဆိုးရွားလှတဲ့ သူတို့နောက်တန်းကစားသမားနှစ်ဦးကို ပိုပြီးအပြစ်တင်သင့်ပါတယ်။ ဒိုင်ရဲ့ဆုံးဖြတ်ချက် အညှာအတာ ကင်းခဲ့တာလည်း ပါတာပေါ့။

၁၀ ယောက်ကျန် အနေအထားနဲ့ အာဆင်နယ်ကို ကစားကွက် ပြန်တည်မရသေးခင်မှာပဲ ကိန်းရဲ့ ခေါင်းတိုက်ဂိုးနဲ့အတူ စပါးက အာဆင်နယ်ကိုထပ်ပြီးထိုးနှက်လိုက်ပါတယ်။ အဲဒီနောက် အာဆင်နယ်က ကစားကွက်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုမီယာဆုကိုဗဟိုနောက်ခံလူအဖြစ်ထားခဲ့ကာ တိုက်စစ်မှာလည်း ဆာကာက အလယ်ဝင်လာခဲ့ပါတယ်။ တိုမီယာဆု အလယ်ဝင်လာချိန်မှာ ဆွန်ကို ကောင်းကောင်းထိန်းနိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်ကလည်း ပိုကောင်းလာခဲ့ပါတယ်။ အာဆင်နယ် အခွင့်အရေးတွေ ရခဲ့ပေမဲ့ နကီတီယာကန်ချက်ကို လိုရစ်ကာကွယ်နိုင်ခဲ့သလို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ စပါးက ၂-၀ ဂိုးနဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာပဲ စပါးတို့ တတိယမြာက် ဦးဆောင်ဂိုးရခဲ့ပြီး ကိန်းကိုဟန့်တားရင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ဆွန်က ပြေးဝင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဂိုးတွေရရှိဖို့ လိုအပ်နေတဲ့ အာဆင်နယ်တို့ ပြန်လည်ဖိအားပေးခဲ့ပြီး အခွင့်အရေးရခဲ့ပါသေးတယ်။ စပါးရဲ့တိုက်စစ်ဆင်မှုတွေကအားရစရာကောင်းခဲ့ပြီး နောက်ထပ်အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဆွန်ဟောင်မင် အသုံးမချနိုင်ခဲ့တာနဲ့ ရမ်ဒေးစ်ကာကွယ်နိုင်ခဲ့တာတွေကြေငာ့် ဂိုးထပ်မပေးခဲ့ရတာပါ။

အာဆင်နယ်က စမစ်ရို့စ်ကို ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်ခဲ့သလို စပါးကလည်း ဆွန်၊ ကူလူဆက်စကီးတို့ကို အနားပေးကာ မော်ရာ၊ ဘာဂ်ဝင်းတို့ကို ထည့်သွင်းခဲ့ပါတယ်။ တစ်ယောက်လျာ့ အာဆင်နယ်တို့ ၆၅ မိနစ်လောက်စနေပြီး ကစားအား လျော့ကျလာခဲ့ပြိး စပါးကပဲပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ပွဲက အေးစက်စက်နိုင်ခဲ့ပြီး အာဆင်နယ် အခွင့်အရေး တစ်ကြိမ်ရခဲ့သေးပေမဲ့ အိုဒီဂတ်ရဲ့ အဆုံးသတ်ချက်အားနည်းခဲ့လို့ ချေပဂိုးတစ်ဂိုးတောင် ပြန်မရခဲ့ဘဲ မြောက်လန်ဒန်ဒါဘီမှာ မရှုမလှ အရေးနိမ့်ခဲ့ရပါတယ်။

ZAWGYI: အာဆင်နယ်ကတော့ မြောက်လန်ဒန်ဒါဘီမှာ ဒိုင်ရဲ့ ရက်စက်မှုတွေကြား မရှုမလှ အရေးနိမ့်ခဲ့ပါတယ်။အိမ်ရှင်စပါးဟာ ဒီပွဲမှာ ၃-၄-၂-၁ ကစားကွက်နဲ့ ခင်းကျင်းလာခဲ့ပြီး ကိန်း၊ ဆွန်၊ ကူလူဆက်စကီးတို့ တိုက်စစ်ကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာ ဟော့ဘတ်ချ်၊ ဘန်တန်ကာတို့ကို တွဲပေးခဲ့ပြီး နောက်တန်းမှာ ဒေးဗီးစ်၊ ဒိုင်ယာ၊ ဆန်းချက်ဇ်တို့ကို အသုံးပြုခဲ့ပြီးဆက်ဆီနွန်နဲ့ အီမာဆင်တို့ကို Full Back တွေအဖြစ် ထားခဲ့ပါတယ်။