PSGစတား နေမာဂျူနီယာဟာ ယခုနှစ်ရာသီမှာ ပရိတ်သတ်တွေရဲ့ဘူးမှုတ်ခံနေရတဲ့ သူ့ရဲ့ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟလိုက်ပြီး ၂၀၂၂ခုနှစ်အတွက် သူ့ရဲ့ရည်မှန်းချက်ကိုလဲတပါတည်း အသိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့တဲ့ ပါရီပရိတ်သတ်တွေရဲ့တုန့်ပြန်မှုဒဏ်ကို နေမာကပိုမိုခံနေရပြီး ဒါကသူ့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်တော့ပါဘူး။ ကွင်းအတွင်းမှာတင်မကပဲ ကွင်းပြင်ပမှာရော ဆိုရှယ်မီဒီယာထက်မှာပါ အလူးအလဲဝေဖန်ခံနေရတဲ့ ဘရာဇီးစတားဟာ သူ့ရဲ့ခံစားချက်ကို မြိုသိပ်ထားခဲ့ပြီးပုံမှန်အတိုင်းသာနေနေခဲ့ပေမဲ့ အခုတော့ ဖလာမင်ဂိုကစားသမား ဒီယေဂို ရီဘက်စ်နဲ့လိုက်ဖ်တွေ့ဆုံမှုမှာ ရင်ဖွင့်လိုက်ပြီလဲဖြစ်ပါတယ်။

“ဟုတ်တာပေါ့ကွာ။ ဘယ်သူ့မှတော့ ဘူးမှုတ်တာကို ခံချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်အိမ်ကွင်းမှာ ကစားနေတုန်းဆို ပိုလို့တောင်မှ မခံချင်ကြသေးတယ်။” လို့သူက ပါရီပရိတ်သတ်ရဲ့ပစ်မှတ်ထားခြင်းခံရမှုအပေါ် ရင်နာစကားဆိုပါတယ်။ “ဒါက ဝမ်းနည်းဖို့ကောင်းတယ်ကွ ဒါပေမဲ့လဲ တနေရာရာကနေ ဒါကိုရင်ဆိုင်ဖို့အတွက် ခွန်အားတွေငါရှာဖွေထားခဲ့ပြီးသားပါ။ ငါ့ကိုဒီနေ့ဒီနေရာရောက်အောင်လို့ ကူညီပေးခဲ့ကြတဲ့ သူတွေအားလုံးကို ငါအမြဲတမ်းအောက်မေ့သတိရနေပြီး ဒီလူတွေအတွက်ပဲ ငါဘောလုံးကစားပေးဖို့ကြိုးစားနေတာပါ။ ဒီ ဘူးမှုတ်သံတွေက ငါ့အပေါ်သက်ရောက်လာမှာကို ငါခွင့်ပြုသွားမှာမဟုတ်သလို ငါ့မိသားစုကို စိတ်ဆင်းရဲစေမှာကိုလဲ အဖြစ်ခံသွားမှာမဟုတ်ဘူးနော်။”

“အရာအားလုံးအဆင်ပြေချောမွေ့နေချိန်မှာ ပရိတ်သတ်တွေအတွက် မင်းကစားပေးနိုင်တဲ့ပွဲတွေလဲရှိနေဦးမှာပါပဲ။ နောက်တော့ မင်းကို ဘူးမှုတ် ရှုံ့ချမဲ့ပွဲတွေလဲလာဦးမှာပဲ။ ငါကတော့ ငါ့မိသားစုအတွက် ငါ့ကိုယ်ငါ တောင့်ခံထားပါတယ်။” လို့သူက ဝမ်းနည်းစွာပြောပါတယ်။ ဆက်လက်ပြီး ဆိုရှယ်မီဒီယာတွေကလဲ ခြိမ်းခြောက်ဝေဖန်ခံနေရခြင်းတွေအတွက်လဲ နေမာက အခုလိုဆိုခဲ့ပါသေးတယ်။ “ဆိုရှယ်မီဒီယာတွေကတော့…..။ ဒါက (ငါ့အတွက်) အကူအညီထက်စာရင် နာကျင်ရစေတာက ပိုနေလိမ့်မယ်လို့ ငါထင်တာပဲ။ ဘာလို့လဲဆိုတော့ မင်းဘောလုံးကစားတာကောင်းမွန်နေပြီး မင်းအဲ့ဒီ့ပေါ်ကိုသွားပြီး ဖတ်မယ်ဆိုရင် အားလုံးက ကောင်းသတင်းတွေချည်းဖြစ်ပြီး အပြုံးပန်းတွေဝေဆာနေမှာပဲ။”

“အး ဒါပေမဲ့ မင်းကစားတာက မကောင်းထားဘူးဆိုရင်တော့ ဒါက မင်းရဲ့ ဦးနှောက်အတွက် မကောင်းတော့ပါဘူး။ အဲ့လိုအချိန်တွေဆိုရင်တော့ မင်းကိုဒီတောင်ကနေ ကျော်လွှားဖို့အတွက် ဘယ်သူကမှလာပြီးအကူအညီပေးမှာမဟုတ်တော့ဘူးလေ။ ဒါက တကယ့်ကိုခက်ခဲကြမ်းတမ်းလွန်းပါတယ်။ လူမှုကွန်ယက်မီဒီယာတွေက ဒီနေ့ခေတ်အခါမှာ အရမ်းကိုမှကြောက်စရာကောင်းအန္တရာယ်များတဲ့နေရာတခုဖြစ်လာနေပါပြီ” လို့သူကပြောကြားသွားခဲ့ပါတယ်။

ကလပ်နဲ့အတူ PSGတို့ရနေကျဖြစ်တဲ့ ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဖလားကို ရယူထားပြီးဖြစ်ပေမဲ့ နေမာဂျူနီယာက နိုင်ငံနဲ့အတူ ကစားသမားဘဝအမြင့်ဆုံးအောင်မြင်မှုကို ရယူဖို့အတွက်လဲ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းကိုလဲပြောခဲ့ပါသေးတယ်။ ဒါဟာ သူ့အတွက် တတိယအကြိမ်မြောက် ဖီဖာကမ္ဘာ့ဖလားဖြစ်လာမှာဖြစ်ပြီး ရှေ့နှစ်ကြိမ်လုံးအောင်မြင်မှုမရယူနိုင်ခဲ့ခြင်း၊ သူ့အသက်အရွယ်တန်းအရ အကောင်းဆုံးအချိန်အခါဖြစ်တာကြောင့်လဲ နေမာကဒီဆုဖလားနဲ့အတူ အနိုင်နဲ့ပိုင်းချင်နေတာလဲဖြစ်ပါတယ်။

“ဒီတကြိမ်မှာတော့ ငါPSGနဲ့အတူ ချန်ပီယံလိဂ်ကို တကယ့်ကိုမှရယူချင်ခဲ့တာပါ။ ဒါပေမဲ့လဲ ကံမကောင်းစွာနဲ့ပဲ ငါတို့တွေမလုပ်နိုင်ခဲ့ကြပြန်ဘူးလေ။ အခုတော့ ငါ၂၀၂၂ခုနှစ်ကို ကမ္ဘာ့ဖလားတိုင်တယ်လ်ကြီးနဲ့ ပိတ်သိမ်းချင်နေပြီကွ။ ငါ့ကိုယ်ငါ စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးပြင်ဆင်ထားပြီး ဒါမှလဲ လူတိုင်းအတွက် ကောင်းကောင်းအဆင်ပြေချောမွေ့သွားမှာလေ။ ဒီတခါတော့ ငါတို့မှာ ဘရာဇီးတွေရဲ့ကမ္ဘာ့ဖလား တခုရှိနေပြီပေါ့။”

“ငါ့ရဲ့ဘဝတခုလုံးကို ဒီ့အတွက် ပေးဆပ်ထားမှာပါ။ ငါ့ဒီပြိုင်ပွဲကို နှစ်ကြိမ်တောင်ကစားခဲ့ပြီးသားဆိုတော့ ဒါက ဘယ်လိုဘယ်ပုံလုပ်ရင်အဆင်ပြေမလဲဆိုတာကို ငါသိနေပါပြီ။ မင်းကသာ အဆင်သင့်ဖြစ်မထားဘူးဆိုရင် ဒီအခွင့်အရေးက အဝေးကိုလစ်သွားမှာပဲ။ ဆိုတော့ ဒါကြီး ငါ့နားကနေလွတ်ထွက်သွားမှာကို ငါခွင့်မပြုနိုင်ဘူး။” လို့သူကကြိမ်းဝါးသွားခဲ့ပါတယ်။

ZAWGYI: PSGစတား နေမာဂျူနီယာဟာ ယခုနှစ်ရာသီမှာ ပရိတ်သတ်တွေရဲ့ဘူးမှုတ်ခံနေရတဲ့ သူ့ရဲ့ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟလိုက်ပြီး ၂၀၂၂ခုနှစ်အတွက် သူ့ရဲ့ရည်မှန်းချက်ကိုလဲတပါတည်း အသိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့တဲ့ ပါရီပရိတ်သတ်တွေရဲ့တုန့်ပြန်မှုဒဏ်ကို နေမာကပိုမိုခံနေရပြီး ဒါကသူ့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်တော့ပါဘူး။ ကွင်းအတွင်းမှာတင်မကပဲ ကွင်းပြင်ပမှာရော ဆိုရှယ်မီဒီယာထက်မှာပါ အလူးအလဲဝေဖန်ခံနေရတဲ့ ဘရာဇီးစတားဟာ သူ့ရဲ့ခံစားချက်ကို မြိုသိပ်ထားခဲ့ပြီးပုံမှန်အတိုင်းသာနေနေခဲ့ပေမဲ့ အခုတော့ ဖလာမင်ဂိုကစားသမား ဒီယေဂို ရီဘက်စ်နဲ့လိုက်ဖ်တွေ့ဆုံမှုမှာ ရင်ဖွင့်လိုက်ပြီလဲဖြစ်ပါတယ်။