မန်စီးတီးဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ ဂျေဇူး၊ မာရက်ဇ်တို့ကို တွဲပေးထားခဲ့ကာ ကွင်းလယ်မှာတော့ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းတို့ကို အသုံးပြုခဲ့ပါတယ်။ ခံစစ်မှာ ကန်ဆယ်လို ၊လာပေါ့တ်၊ ဖာနန်ဒင်ဟိုနဲ့ ဂျွန်စတုန်းတို့ကို ကစားစေခဲ့တာပါ။ ဗီလာအနေနဲ့လည်း ၄-၃-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဘွန်ဒီယာ၊ ကော်တင်ဟို၊ ဝက်ကင်စ်၊ မက်ဂင်၊ ဂျာကော့ရမ်ဆေး၊ ဒေါက်ကလပ်လူးဝစ်ဇ်၊ ဒီဂျန်၊ မက်သယူးကက်ချ်တို့ရဲ့ စုဖွဲ့မှုနဲ့ မန်စီးတီးကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်နေတဲ့ မန်စီးတီးဟာ ပွဲအစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးတို့ ကွင်းလယ်ပိုင်း တစ်ဖတ်သတ် လွှမ်းမိုးကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ချိတ်ဆက်ပုံအားနည်းနေခဲ့ပြီး မာကျောလွန်းတဲ့ ဗီလာနောက်တန်းကို ထိုးဖောက်ဖို့ရာ အခက်အခဲ ဖြစ်နေခဲ့ရပါတယ်။မန်စီးတီးတိုက်စစ်မှာ ဂျေဇူး၊ ဖိုဒန်တို့တစ်ဦးချင်း ထိုးဖောက်မှုတွေနဲ့သာ ဂိုးရဖို့ ကြိုးပမ်းခဲ့ရပါတ်ယ။ မန်စီးတီးတို့ ဂိုးကန်သွင်းချက်တချို့ ရရှိခဲ့ပေမဲ့လည်း အသုံးမချနိုင်လို့ နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ ဗီလာက ခံစစ်သပ်သပ်နဲ့ ကစားခဲ့ပြီး မန်စီးတီးတိုက်စစ်ကို အထပ်ထပ် ပိတ်ဆို့ကာ ဘယ်လိုအခွင့်အရေးမှ မပေးခဲ့ပါဘူး။

ဗီလာတို့ ပထမပိုင်းတစ်ပွဲလုံးမှာမှ ၃၇ မှာ သွင်းယူသွားခဲ့တဲ့ ကက်ချ်ရဲ့သွင်းဂိုးအတွက် တစ်ကြိမ်သာ လောက်လောက်လားလားထိုးဖောက်ခွင့် ရခဲ့ပါတယ်။ ဗီလာက အဲဒီတစ်ကြိမ်ပဲ ဖောက်ကာ တစ်ဂိုး သွင်းယူသွားခဲ့ပြီး မန်စီးတီးခံစစ်ကြောင်းက စိတ်ပျက်ဖွယ်ရာပုံစံပါပဲ။ ဖာနန်ဒင်ဟိုနဲ့ လာပေါ့တ်တို့ အတွဲက ဟန်ချက်မညီသလို ဒီဂိုးမှာလည်း လာပေါ့တ်ရဲ့ ဂရုစိုက်မှုအားနည်းခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း မန်စီးတီးတို့ ပြန်လည်ဖိအားပေးပေမဲ့ ဗီလာခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဂိုးရဖို့ လိုအပ်နေတဲ့ မန်စီးတီးတိုက်စစ်တရစပ်ဆင်ခဲ့ပြီး ဗီလာနောက်တန်း အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။ ဂျေဇူး ဂိုးရနိုင်တဲ့ အပိုင်ပိတ်သွင်းချက် တစ်ကြိမ် ရခဲ့ပေမဲ့ မိုးပေါ်ထောင်ခဲ့လို့မန်စီးတီးနစ်နာခဲ့ရပါတယ်။ မန်စီးတီး တိုက်စစ်ဟာ အနည်းငယ် ပိုသွက်လာခဲ့ပေမဲ့ Final Third မှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပထမပိုင်းတုန်းကလို မန်စီးတီးက တစ်ဖတ်သတ် ဖိကစားပေမဲ့ တကယ်တမ်း ဂိုးရသွားတာ ဗီလာ ဖြစ်ခဲ့ပါတယ်။

၆၉ မိနစ်မှာ ဂိုးသမား အိုဆန်ရဲ့တိုက်ရိုက်ကန်တင်ပေးပို့မှုကို ဝက်ကင်စ်ကကော်တင်ဟိုဆီချပေးလိုက်ပြီး ကော်တင်ဟိုက ဂိုးဧရိယာအပြင်ဘက်ကနေ ပါးနပ်စွာ ကန်သွင်းယူပြီး ဗီလာအတွက် ဒုတိယမြောက်ဂိုးကို သွင်းပေးခဲ့ပါတယ်။ အဆုံးသတ်လုနီးပါးဖြစ်သွားတဲ့အချိန်မှာ မန်စီးတီးအတွက် သူရဲကောင်းဖြစ်ခဲ့သူက လူစားဝင်လာသူ ဂန်ဒိုဂန်ဖြစ်ခဲ့ပါတ်ယ။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ပြဇာတ်ဆန်ဆန် ရယူဖို့ရာ ကံကြမ္မများ ရေးထိုးထားလေသလား။

နှစ်ဂိုးပြတ်ဦးဆောင်ပြီးနောက် ဗီလာတို့ အနည်းငယ် ပေါ့လျှော့သွားတဲ့ တစ်ခဏအတွင်းမှာ မန်စီးတီးက ၆ မိနစ်အတွင်း အံ့အားသင့်ဖွယ် ၃ ဂိုးသွင်းပြီး မှော်ဆန်တဲ့ Comeback ကို ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက်ဂိုးတွေကိုတော့ ၇၆ မိနစ်နဲ့ ၈၁ မိနစ်မှာ ဂန်ဒိုဂန်နဲ့ ၇၈ မိနစ်မှာ ရိုဒရီတို့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မန်စီးတီးတို့ကပဲ ပွဲကိုထိန်းချုပ်ကာ အနိုင်ဂိုးကို ထိန်းကစားသွားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျက်လှည့်ဆန်ဆန် ယူနိုင်ခဲ့ပါတယ်။ ဒါဟာ မန်စီးတီးအနေနဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးဖလားကို ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

ZAWGYI: မန်စီးတီးဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ ဂျေဇူး၊ မာရက်ဇ်တို့ကို တွဲပေးထားခဲ့ကာ ကွင်းလယ်မှာတော့ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းတို့ကို အသုံးပြုခဲ့ပါတယ်။ ခံစစ်မှာ ကန်ဆယ်လို ၊လာပေါ့တ်၊ ဖာနန်ဒင်ဟိုနဲ့ ဂျွန်စတုန်းတို့ကို ကစားစေခဲ့တာပါ။ ဗီလာအနေနဲ့လည်း ၄-၃-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဘွန်ဒီယာ၊ ကော်တင်ဟို၊ ဝက်ကင်စ်၊ မက်ဂင်၊ ဂျာကော့ရမ်ဆေး၊ ဒေါက်ကလပ်လူးဝစ်ဇ်၊ ဒီဂျန်၊ မက်သယူးကက်ချ်တို့ရဲ့ စုဖွဲ့မှုနဲ့ မန်စီးတီးကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်နေတဲ့ မန်စီးတီးဟာ ပွဲအစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။