ကိုရီးယားနောက်တန်းကစားသမား ကင်မင်ဂျေ့ဟာ လာမဲ့တနင်္လာနေ့မှာ အီတလီနိုင်ငံကိုဆိုက်ရောက်လာတော့မှာဖြစ်ပြီး နာပိုလီအတွက်ဆေးစစ်မှုပြုလုပ်ကာ အပြီးသတ်စာချုပ်သွားတော့မှာဖြစ်တယ်လို့ Calciomercato ပါသတင်းအရသိရပါတယ်။ တူရကီကလပ်ဖီနာဘာချီအသင်းရဲ့အဓိကနောက်တန်းကျောက်ဆောင်ဖြစ်သူ ကိုရီးယားစတားကိုခေါ်ယူဖို့အတွက် နာပိုလီနဲ့အပြိုင်အသင်းနှစ်သင်းက စာချုပ်ဖျက်သိမ်းကြေးကိုအသုံးပြုကာ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

သူ့ရဲ့ပြောင်းရွှေ့ကြေးစုစုပေါင်းတန်ဖိုးက ယူရိုသန်း၂၀ဖြစ်ပြီး နာပိုလီနဲ့အတူ ပြင်သစ်ကလပ်ရင်းနက်စ်ကလဲ အဆိုပါအချက်ကိုအသုံးပြုပြီးစာချုပ်ဖျက်သိမ်းကြေးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ကင်ကကူလီဘာလီရဲ့နေရာအတွက်ဖြည့်တင်းမဲ့ နာပိုလီကိုသာရွေးချယ်သွားပြီး သူ့ရဲ့ကစားသမားဘဝနောက်တဆင့်ကိုတက်လှမ်းတော့မှာဖြစ်ပါတယ်။

နာပိုလီနဲ့အတူ ၃နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်၂ရာသီအထိ အသင်းဘက်ကအလိုရှိပါက သက်တမ်းတိုးခွင့်ကိုထည့်သွင်းထားတာကြောင့် စုစုပေါင်း၅နှစ်စာချုပ်လို့ဆိုရမှာပါ။ အသက်၂၅နှစ်သားဟာ မာရာဒိုနာကွင်းထဲကိုရောက်လာတော့မှာဖြစ်ပြီး မနက်ဖန်မှာရုမ်းက ဗီလ်လာစတူအက် ဆေးရုံမှာဆေးစစ်သွားမှာဖြစ်ပါတယ်။

နာပိုလီတို့နဲ့အတူ ယူရိုသန်း၄၀တန်စာချုပ်လျော်ကြေးအပိုဒ်ကိုထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး ဒီအချက်က သူ့ရဲ့ဒုတိယမြောက်ရာသီမှာစတင်အသက်ဝင်မှာလဲဖြစ်ပါတယ်။ ပေါ်တူဂီမှာအနားယူနေတဲ့ ကိုရီးယားစတားဟာ မနက်ဖန်မှာအီတလီကိုအထူးလေယာဉ်နဲ့လာရောက်ဆေးစစ်ပြီးတာနဲ့ နာပိုလီတို့ရဲ့ရာသီကြိုလေ့ကျင့်ရေးစခန်းကို သွားရောက်ပူးပေါင်းတော့မှာလဲဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအပါအဝင်ဥရောပထိပ်တန်းအသင်းအချို့ကာလရှည်စောင့်ကြည့်ခြင်းခံထားရတဲ့ ကင်မင်ဂျေ့ဟာ တိုက်စစ်အားသန်တဲ့ရှားရှားပါးပါးဗဟိုနောက်ခံလူဖြစ်ပြီးဘောလုံးကိုင်လဲရဲရင့်သူဖြစ်လို့ အချိန်တိုအတွင်း ဖီနာဘာချီရဲ့စတားတဦးဖြစ်လာခဲ့သူလဲဖြစ်ပါတယ်။ နာပိုလီတို့ရဲ့ဥက္ကဌ ဒီလောရန်းတစ်ကတော့ ၂၅နှစ်သားအပေါ် အခုလိုမှတ်ချက်ပြုထားပါတယ်။

“ကျနော်တို့ ကင်မင်ဂျေ့အတွက် ညှိနှိုင်းမှုကိုမကြာခင်အချိန်အတွင်း အဆုံးသတ်ပြီးမြောက်နိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ ကျနော်တို့လာမဲ့၂၄နာရီအတွင်းမှာ အရာအားလုံးပြီးမြောက်သွားဖို့အလိုရှိနေပေမဲ့လဲ ကျနော်တို့မှာ အခွန်ကိစ္စတွေနဲ့တခြားလုပ်စရာတွေအများကြီးရှိနေဆဲဖြစ်ပါတယ်။ ကျနော် တောင်ကိုရီးယားသားတဦးကိုလက်မှတ်ထိုးခေါ်ယူရမှာကို ပျော်ရွှင်ကျေနပ်ပီတိဖြစ်မိပါတယ်။” လို့သူကပြောကြားသွားခဲ့ပါတယ်။

ZAWGYI: ကိုရီးယားနောက်တန်းကစားသမား ကင်မင်ဂျေ့ဟာ လာမဲ့တနင်္လာနေ့မှာ အီတလီနိုင်ငံကိုဆိုက်ရောက်လာတော့မှာဖြစ်ပြီး နာပိုလီအတွက်ဆေးစစ်မှုပြုလုပ်ကာ အပြီးသတ်စာချုပ်သွားတော့မှာဖြစ်တယ်လို့ Calciomercato ပါသတင်းအရသိရပါတယ်။ တူရကီကလပ်ဖီနာဘာချီအသင်းရဲ့အဓိကနောက်တန်းကျောက်ဆောင်ဖြစ်သူ ကိုရီးယားစတားကိုခေါ်ယူဖို့အတွက် နာပိုလီနဲ့အပြိုင်အသင်းနှစ်သင်းက စာချုပ်ဖျက်သိမ်းကြေးကိုအသုံးပြုကာ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။