စပိန် နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ အတွက် အစောပိုင်းမှာ စိတ်ဝင်စားတဲ့ အသင်းဆိုလို့ မန်စီးတီး တစ်သင်းထဲသာ ရှိခဲ့ပါတယ်။ ပက်ဂွာဒီယိုလာ က ကစားသမား ရဲ့ ခြေစွမ်းကို တော်တော် သဘောကျသူ ဖြစ်ပြီး ၊ သူ့ရဲ့ ဘယ်တောင်ပံ ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ယူကရိန်း နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ် အသင်းဆီ ရောင်းထုတ်ပြီးတဲ့ တစ်ပြိုင်နက် မန်စီးတီးဟာ ကူကူရယ်လာ ကို ခေါ်ယူဖို့ တရားဝင် ချဉ်းကပ်မှုတွေ စတင်ခဲ့ပါတယ်။

အဲဒီ အချိန်က ဘရိုတ်တန် ရဲ့ ဆိုဈေးဟာ ပေါင် သန်း 50 လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မန်စီးတီး ကတော့ ကနဦး ပေါင် သန်း 30 နဲ့ ကမ်းလှမ်းမှု စတင်ခဲ့ပေမယ့် ဘရိုတ်တန် က ချက်ခြင်း ပယ်ချခဲ့ပါတယ်။ သို့သော် နောက်တစ်ကြိမ် ပေါင် 40 သန်း နဲ့ ကမ်းလှမ်းလာချိန်မှာ ၊ ကစားသမား ကိုယ်တိုင်က မန်စီးတီးထံ ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘရိုတ်တန် ကတော့ သူတို့ ဆိုဈေးကို လုံး၀ မလျှော့ပဲ တင်းခံတာကြောင့် မန်စီးတီး ကလဲ နောက်တစ်ကြိမ် ပြန်မလာတော့ပဲ ၊ တပ်ခေါက်သွားခဲ့ပါတယ်။

အဲဒီ အခြေနေမှာ ချဲလ်ဆီး က ဝင်ရောက်လာခဲ့တာပါ။ ချဲလ်ဆီး ဟာ လက်ရှိမှာ ဘယ်အခြမ်းခံစစ်အတွက် ဘန် ချိဝဲလ် ၊ အလွန်ဆို ၊ အီမာဆင် တို့ ရှိနှင့်ပြီးသား ဖြစ်သည့်တိုင်အောင် အလွန်ဆို နဲ့ အီမာဆင် တို့ကို လက်လွှတ်ဖွယ် ရှိနေတာကြောင့် ကူကူရယ်လာ ဆီ မြှားဦး လှည့်လာခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ကိစ္စတွေ အားလုံး သဘောတူညီမှု ရရှိချိန်မှာ ပေါ်ထွက်လာတဲ့ ကိန်းဂဏန်းတွေ က တော်တော်ကို အံ့အားသင့်ဖို့ ကောင်းလွန်းနေပါတယ်။

ကူကူရယ်လာ ရဲ့ အပြောင်းအရွှေ့ အတွက် စုစုပေါင်း ကုန်ကျတဲ့ စာရိတ်ဟာ ကနဦး ထွက်ပေါ်ထားတဲ့ ပေါင် သန်း 50 ထက်ကို အများကြီး ပိုနေခဲ့တာပါ။ အပြောင်းအရွှေ့ ဂုရုကြီး က ဖာဘရီဇီယို ရိုမာနို ကတော့ တရားဝင် ပေးချေမှု ပေါင် 55 သန်း + နောက်ထပ် စွမ်းဆောင်မှုပိုင်း ဆိုင်ရာ ထပ်မံ ပေးချေမှု ပေါင် 7 သန်း ၊ စုစုပေါင်း 62 သန်း အထိ ကုန်ကျဖွယ် ရှိနေတယ်လို့ အခိုင်အမာ ရေးသားသွားခဲ့ ပါတယ်။ ကူကူရယ်လာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂီတာဖေး အသင်းကနေ ပေါင် 15 သန်း ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ ဘရိုတ်တန် မှာ တစ်ရာသီပဲ ကစားပေးရသေးတာ ဖြစ်ပါတယ်။

သို့သော် အဲဒီ တစ်ရာသီ အတွင်းမှာပဲ ခြေစွမ်းပြလွန်းလို့ ၊ ဘရိုတ်တန် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ အသင်းကြီးတွေ တော်တော်များများ က သူ့ ခြေစွမ်းကို မျက်စိကျနေတာပါ။ အပြောင်းအရွှေ့ နောက်ဆုံး အဆင့်ဖြစ်တဲ့ ဆေးစစ်မှုတွေကို မနေ့ညက ခံယူခဲ့တယ်လို့ သိရပြီး ၊ လက်ရှိမှာ စာချုပ် ကိစ္စတွေ ချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ဟာ သူတို့ရဲ့ လူခံစစ်မှုးလေး Levi Cowill ကို ဘရိုတ်တန် အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြန်လည် စေလွှတ်သွားမှာပါ။ ဘရိုတ်တန် ဟာ အခုနောက်ပိုင်းမှာ ကြိုက်ဈေးရတာနဲ့ သူတို့ ကစားသမားတွေထဲက ဘယ်သူ့ကိုမဆို ရောင်းထုတ်နေပြီး ၊ ပြီးခဲ့တဲ့ 12 လ အတွင်း ဘန်ဝိုက် ၊ ဒန်ဘန်း ၊ ဘစ်ဇူးမား ၊ ကူကူရယ်လာ တို့ကို ပြောင်းရွှေ့ကြေး အမြောက်အများ နဲ့ ရောင်းထုတ်ပြနိုင်ခဲ့တာ ကြည့်ရင် ၊ ဘရိုတ်တန် ရဲ့ ဘောလုံး စီးပွားရေး လည်ပတ်ပုံကလဲ တစ်နည်းတစ်ဖုံ ထူးခြားတယ်လို့ မှတ်ချက် ပေးလို့ ရနေပါတယ်။

ZAWGYI: စပိန် နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ အတွက် အစောပိုင်းမှာ စိတ်ဝင်စားတဲ့ အသင်းဆိုလို့ မန်စီးတီး တစ်သင်းထဲသာ ရှိခဲ့ပါတယ်။ ပက်ဂွာဒီယိုလာ က ကစားသမား ရဲ့ ခြေစွမ်းကို တော်တော် သဘောကျသူ ဖြစ်ပြီး ၊ သူ့ရဲ့ ဘယ်တောင်ပံ ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ယူကရိန်း နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ် အသင်းဆီ ရောင်းထုတ်ပြီးတဲ့ တစ်ပြိုင်နက် မန်စီးတီးဟာ ကူကူရယ်လာ ကို ခေါ်ယူဖို့ တရားဝင် ချဉ်းကပ်မှုတွေ စတင်ခဲ့ပါတယ်။