ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဘရိုက်တန်အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို အပြောင်းအရွှေ့လက်ကျန်ကာလမှာ ခေါ်ယူသွားနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းရဲ့ ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ လိုချင်တယ်ဆိုတဲ့ အချက်ကြောင့် မန်ချက်စတာစီးတီးအသင်းနဲ့ ညှိနှိုင်းမှုတွေ ရပ်ဆိုင်းထားပြီး ချဲလ်ဆီးအသင်းကတော့ အခုအချိန်မှာ စပိန်သားအတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေတာကြောင့် ဘယ်နောက်ခံလူတစ်ဦးကို ဈေးကွက်ထဲမှာ ပြန်လည်ရှာဖွေနေရတာဖြစ်ပါတယ်။ ကူကူရယ်လာအနေနဲ့ လက်ရှိမှာ ဘရိုက်တန်အသင်းကို အသင်းပြောင်းခွင့်ပြုဖို့အတွက် တောင်းဆိုမှုပြုလုပ်ထားပြီး ပြီးခဲ့တဲ့စနေညတုန်းက စပိန်ကလပ် အက်စ်ပန်ညောအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ အသက် ၂၆ နှစ်အရွယ် ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဒီနေ့အထိ ညှိနှိုင်းမှုတွေအရ ဘရိုက်တန်အသင်းအပေါ် စိတ်အနှောက်အယှက်ဖြစ်စေကြောင်း DailyMail သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့်လည်း ကူကူရယ်လာကို ခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးအသင်းနဲ့ ပြိုင်ဘက်ဖြစ်လာမယ့်အသင်းကို လက်ယက်ဖိတ်ခေါ်သလို ဖြစ်နေခဲ့ပြီး သောမက်စ် တူဟယ်လ်ရဲ့ ချဲလ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ စပိန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာကစားသမားဟောင်းကတော့ ဘာစီလိုနာဂန္ထဝင်ကွင်းလယ်လူ ပက်ပ် ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက်သာ စိတ်အားထက်သန်နေပြီး မန်ချက်စတာစီးတီးအသင်းကသာ ပြောင်းရွှေ့ကြေးတိုးမြှင့်ကာ ကမ်းလှမ်းခဲ့မယ်ဆိုရင် ကမ်းလှမ်းချက်ကို လက်ခံသွားနိုင်တာဖြစ်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ နောက်ခံအစွန်လူအတွက် ရွေးချယ်စရာနည်းပါးနေပြီး ကိုင်လ် ဝေါ်လ်ကာနဲ့ ဂျာအို ကန်ဆယ်လိုတို့အပေါ်မှာသာ များသောအားဖြင့် မှီခိုနေရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ နောက်ခံအစွန်လူနေရာအတွက် ရွေးချယ်စရာ အတော်လေးနည်းပါးနေပြီး ဝေါ်လ်ကာနဲ့ ကန်ဆယ်လိုတို့ ၂ ဦးတည်းသာ စီနီယာကစားသမားတွေထဲမှာ အသုံးပြုစရာဆိုလို့ရှိနေတာဖြစ်ပါတယ်။ ဝေါ်လ်ကာရော ကန်ဆယ်လိုတို့အနေနဲ့ လီဗာပူးလ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေနိုင်သလို အသင်းရဲ့ အရန်အသင်းထဲက ဂျို့ရှ် ဝီလ်ဆန်-အက်စ်ဘရန်းဒ်နဲ့ ရီကို လူးဝစ်တို့ကို ခံစစ်အစွန်လူအနေနဲ့ ရွေးချယ်စရာရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဂွါဒီယိုလာရဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲအထိ ပါဝင်ကစားခဲ့တဲ့ ဘယ်နောက်ခံလူ အိုလက်ခ်ဇန်းဒါး ဇင်ချန်ကိုကလည်း ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရုန်းကန်နေရပြီး လိဒ်စ်ယူနိုက်တက်အသင်းက ရာဖင်ညာနဲ့ ဆီဗီးလားအသင်းက ဂျူးလ်စ် ခွန်ဒီတို့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း အဆိုပါကစားသမား ၂ ဦးစလုံးက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ကြည့်ရတာတော့ ချဲလ်ဆီးအသင်းရဲ့ပိုင်ရှင် တော့ဒ် ဘိုးလီအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်တွေထဲမှာ လူရည်လည်သွားပြီလို့ဆိုရမှာဖြစ်ပြီး ဘာစီလိုနာပစ်မှတ်ကစားသမားတွေကို ရှောင်ရှားကာ ခေါ်ယူဖို့ စီစဉ်နေသလို မန်ချက်စတာစီးတီးအသင်းရဲ့ ပစ်မှတ်ကစားသမားဘက်ကို မြှားဦးလှည့်သွားခဲ့တာဖြစ်ပါတယ်။ ကူကူရယ်လာအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲအထိ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး သွင်းဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ချိန်မှာ ဘရိုက်တန်အသင်းကလည်း ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဘရိုက်တန်အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို အပြောင်းအရွှေ့လက်ကျန်ကာလမှာ ခေါ်ယူသွားနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းရဲ့ ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ လိုချင်တယ်ဆိုတဲ့ အချက်ကြောင့် မန်ချက်စတာစီးတီးအသင်းနဲ့ ညှိနှိုင်းမှုတွေ ရပ်ဆိုင်းထားပြီး ချဲလ်ဆီးအသင်းကတော့ အခုအချိန်မှာ စပိန်သားအတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။