ဇန်နဝါရီတုန်းက ကိုဗစ်ပေါ့စတစ်စစ်ဆေးတွေ့ရှိပြီးနောက် သူ့အဆုတ်ကို ကိုဗစ်သက်ရောက်မှုရှိခဲ့တာကြောင့် ၆ ပတ်လောက် အရှိန်နှုန်းအပြည့်နဲ့ သူမပြေးနိုင်ခဲ့ဘူးလို့ လီယွန်နယ်မက်ဆီက ဖော်ထုတ်လိုက်ပါတယ်။ ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာလည်း အလျင်စလိုပြန်ကစားခဲ့မိတယ်လို့ သူကဝန်ခံခဲ့ပါတယ်။ ဇာတိမြေမှာ ပြင်သစ်လိဂ်ဆောင်းရာသီအနားယူချိန် သွားနေခဲ့ပြီးနောက် နယူးရီးယားပြီးမကြာခင်မှာပဲ အာဂျင်တီးနားနဲ့ပီအက်စ်ဂျီစတား လီယွန်နယ်မက်ဆီက ကိုဗစ် ၁၉ ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၃၄ နှစ်အရွယ် မက်ဆီဟာ သီးသန့်ခွဲခြားနေထိုင်ခဲ့ရပြီး လိဂ်ပွဲ ၂ ပွဲ လွတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၃၊ reims တို့နဲ့ပွဲမှာ ပြန်ဝင်ကစားခဲ့ပါတယ်။ ကိုဗစ်ပျောက်သွားပြီး negative ပြန်ဖြစ်သွားတဲ့နောက်မှာတောင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ သူဆက်လက်ခံစားခဲ့ရတယ်လို့ မက်ဆီကဖော်ထုတ်ခဲ့ပါတယ်။ အာဂျင်တီးနားမီဒီယာဖြစ်တဲ့ တီဝိုင်စီအားကစားနဲ့ အင်တာဗျူးမှာ မက်ဆီက အခုလိုပြောခဲ့ပါတယ်။

“ကျနော့်ရဲ့အဆုတ်တွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေကို သူက ချန်ထားခဲ့ပါတယ်။ ကျနော်ပြန်လာခဲ့ပြီး တလခွဲလောက် ပြေးတောင်ကောင်းကောင်းမပြေးနိုင်ဘဲ ဖြစ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော့်အဆုတ်တွေ ထိခိုက်ခဲ့တာမို့ပါ။” မက်ဆီဟာ လိဂ်ဝမ်းပွဲ ၂ ပွဲလွတ်ခဲ့သလို ပြင်သစ်ဘောလုံးဖက်ဒရေးရှင်းဖလားပြိုင်ပွဲက Vannes တို့ကိုနိုင်တဲ့ပွဲမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် စုစုပေါင်း ၃ ပွဲလွတ်ခဲ့တာဖြစ်ပေမဲ့ သူပြန်ကစားမိတာ စောလွန်းခဲ့တယ်လို့ မက်ဆီကဝန်ခံပါတယ်။ လေ့ကျင့်ရေးမြန်မြန်ပြန်ဆင်းနိုင်အောင် ကိုယ့်ကိုယ်ကိုယ်တွန်းခဲ့တာက ကိုယ့်ကျန်းမာရေးကို ပိုဆိုးရွားစေခဲ့တယ်လို့ သူကဆိုပါတယ်။

“ကိုယ်ပြန်လာသင့်တာထက်အရင် ကျနော်ပြန်လာခဲ့မိပါတာဖြစ်ပြီး ဒါက ပိုဆိုးရွားစေခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကျနော်အရမ်းမြန်မြန်သွားခဲ့မိပြီး ဒါက ကျနော့်ကို ပိုနောက်ကျတာနဲ့ အဆုံးသတ်စေခဲ့လို့ပါ။ ဒါပေမဲ့ ကျနော်ဆက်မခံစားနိုင်တော့ဘူးလေ၊ ကျနော်ပြေးချင်ခဲ့တယ်၊ လေ့ကျင့်ချင်ခဲ့တယ်၊ ကျနော် ပြန်လည်စတင်ချင်ခဲ့ပါတယ်။ ပြီးတော့ အဆုံးသတ်မှာ ဒါကပိုဆိုးရွားသွားစေခဲ့ပါတယ်။”

လို့ သူကပြောပါတယ်။ ကွင်းထဲကိုသူပြန်လာဖို့ မှန်းထားတာထက်ပိုကြာခဲ့တယ်လို့ မက်ဆီက သူ့ရဲ့အင်စတာဂရမ်ကနေ ဇန်နဝါရီတုန်းက သူ့ပရိသတ်တွေကို ဝန်ခံခဲ့ပါတယ်။ လေ့ကျင့်ရေးကို သူပြန်လာပြီဖြစ်ပေမဲ့ အပြည့်အဝမထူထောင်သေးကြောင်းလည်း ဖော်ပြထားပါတယ်။ ဇန်နဝါရီ ၁၃ မှာတင်တဲ့ အဲဒီပို့စ်မှာ သူနဲ့သူ့ဇနီးအန်တိုနယ်လာတို့ အိမ်မှာ အေးအေးဆေးဆေးရှိနေတဲ့ပုံကိုဖော်ပြထားပါတယ်။ နောက်ဆုံးမှာချန်ပီယံဖြစ်သွားတဲ့ ရီးယဲမက်ဒရစ်တို့နဲ့ ချန်ပီယံလိဂ်အသည်းကွဲခန်းကို သူနဲ့ပီအက်စ်ဂျီတို့ ဘယ်လိုကြုံခဲ့ရလဲဆိုတာကို အဲဒီအင်တာဗျူးမှာပဲ မက်ဆီကဖြေပေးခဲ့ပါတယ်။

“လမ်းခုလတ်မှာ ကျနော်ရှိနေချိန် ရီးယဲမက်ဒရစ်ကိစ္စဖြစ်လာပြီး ဒါက ကျနော်တို့ကိုနှိပ်စက်ခဲ့ပါတယ်။ ဒါက ကျနော့်ကိုရော ယေဘုယျအားဖြင့် အဝတ်လဲခန်းတခုလုံးနဲ့ ပါရီနဲ့သက်ဆိုင်သမျှအားလုံးကိုပါ နှိပ်စက်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲမှာ ကျနော်တို့က ဒီလိုကြီးကြီးမားမားအိပ်မက်ရှိခဲ့ကြတာကြောင့်ပါ။ ပြီးတော့ အဲဒီကိစ္စဖြစ်ခဲ့တဲ့ပုံစံ၊ ပွဲ၊ ပွဲအဖြေ၊ အားလုံးက အရှိုက်ကိုထိုးတဲ့လက်သီးတချက်ပါပဲ။”

လို့ သူကပြောခဲ့ပါတယ်။ မက်ဆီဟာ အခုတော့ အီတလီအသင်းနဲ့ကန်ရမယ့် ပထမဆုံးသောဖိုင်နယ်လစ်ဆီမာပွဲအတွက် နိုင်ငံအသင်းနဲ့အတူ ပြင်ဆင်နေပါတယ်။ ဒီပွဲကတော့ ယူအီးအက်ဖ်အေနဲ့ တောင်အမေရိက ဘောလုံးအာဏာပိုင်တွေ ပူးပေါင်းဖန်တီးထားတဲ့ပွဲတခုဖြစ်ပြီး ကိုပါအမေရိကချန်ပီယံနဲ့ ယူရို ၂၀၂၀ ချန်ပီယံတို့ ချန်ပီယံပြန်လုရမယ့်ပွဲဖြစ်ပါတယ်။ ဇွန် ၁၊ ဝင်ဘလေမှာ ကန်ရမှာပါ။

ZAWGYI: ဇန်နဝါရီတုန်းက ကိုဗစ်ပေါ့စတစ်စစ်ဆေးတွေ့ရှိပြီးနောက် သူ့အဆုတ်ကို ကိုဗစ်သက်ရောက်မှုရှိခဲ့တာကြောင့် ၆ ပတ်လောက် အရှိန်နှုန်းအပြည့်နဲ့ သူမပြေးနိုင်ခဲ့ဘူးလို့ လီယွန်နယ်မက်ဆီက ဖော်ထုတ်လိုက်ပါတယ်။ ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာလည်း အလျင်စလိုပြန်ကစားခဲ့မိတယ်လို့ သူကဝန်ခံခဲ့ပါတယ်။ ဇာတိမြေမှာ ပြင်သစ်လိဂ်ဆောင်းရာသီအနားယူချိန် သွားနေခဲ့ပြီးနောက် နယူးရီးယားပြီးမကြာခင်မှာပဲ အာဂျင်တီးနားနဲ့ပီအက်စ်ဂျီစတား လီယွန်နယ်မက်ဆီက ကိုဗစ် ၁၉ ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။