ချဲလ်ဆီး တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်ကို ဖန်တီးဖို့ ကစားသမား လေးယောက်ရဲ့ အရည်အချင်းတွေကို ပေါင်းစပ်လိုက်ပြီး၊ ဒီထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်စွမ်းရည်လည်း ပါဝင်နေပါတယ်။ အသက်၂၂နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ သောမတ်စ် တူချယ်ရဲ့ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေပြီး၊ ဟားဗက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ပွဲကစားကာ၊ သွင်းဂိုး၁၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ် ပေးထားပါတယ်။

ကိုင်ဟားဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်မှာ လေဗာကူဆင် အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း၇၀နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး၊ အလားအလာ အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့တဲ့ အစောပိုင်း ကာလတွေမှာ ခန့်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပဲ၊ ပွဲဦးထွက် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၅ပွဲကစားကာ သွင်းဂိုး၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ကြိမ်သာပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်ဟာ ဒီရာသီမှာ သောမတ်စ် တူချယ်ရဲ့ အသင်းအတွက် အထူး ခြေစွမ်းပြနေပြီး၊ ချဲလ်ဆီး အသင်းဟာ ဒီရာသီကို အဆင့်၃နေရာနဲ့ အဆုံးသတ်နိုင်ဖို့ ရှိနေတဲ့အပြင် အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ တက်ရောက်ထားနိုင်တာ တွေ့ရပါတယ်။ ဟားဗက်ဇ်ရဲ့ အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မေလ ၁၄ရက်နေ့မှာ လီဗာပူးလ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ သူ့အနေနဲ့ ချဲလ်ဆီး အသင်းအတွက် ဆုဖလား ရရှိအောင် ကူညီပေးနိုင်မလား ဆိုတာကို စောင့်ကြည့်သွားရမှာပါ။

သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက် ရွေးချယ်ဖို့ သတင်းဌာန တစ်ခုက မေးမြန်းခဲ့ရာမှာ ဟားဗက်ဇ်က ကစားသမား လေးယောက်ရဲ့ အရည်အချင်းတွေကို ပေါင်းစပ်ကာ ပြီးပြည့်စုံတဲ့ ကစားသမား အဖြစ် ရွေးချယ်ပေးခဲ့ပါတယ်။ ဒီဂျာမန်သားရဲ့ ရွေးချယ်မှုထဲမှာ ဥရောပ ဘောလုံးလောကမှ ခံစစ်တွေကို အကြိမ်ကြိမ် ချိုးဖျက်ပြခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ ဘယ်ခြေ.စွမ်းရည် ပါဝင်နေပြီး၊ မက်ဆီဟာ ကလပ်အသင်း ကစားသမား ဘဝမှာ ၈၀၉ပွဲကစားကာ ၆၈၁ဂိုးသွင်းယူထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဒါ့အပြင် ဟားဗက်ဇ်က ညာခြေစွမ်းရည် အတွက် ရွေးချယ်ရာမှာ မက်ဆီရဲ့ အသင်းဖော် နေမာကို ရွေးချယ်ထားပြီး၊ ဒီဘရာဇီးလ်သားဟာ ကလပ်အသင်း ကစားသမား ဘဝမှာ ၄၆၂ပွဲကစားကာ သွင်းဂိုး၂၇၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇၁ကြိမ်ပြုလုပ် ထားနိုင်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးဟာ ခေါင်းတိုက်.စွမ်းရည် အတွက် ရွေးချယ်ရာမှာ မယုံနိုင်စရာ အမြင့်ခုံကာ ခေါင်းတိုက်ဂိုးတွေ သွင်းယူနိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရွေးချယ်လိုက်ပြီး၊ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်ထိ ခေါင်းတိုက်သွင်းဂိုး ၁၁၁ဂိုးသွင်းယူထားပါတယ်။

ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်အဖြစ် ဖန်တီးရာမှာ ဟားဗက်ဇ် ရွေးချယ်ထားတဲ့ နောက်ဆုံး တစ်ယောက်က မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဖြစ်ပြီး၊ သူက ဒီဘရိုင်းရဲ့ ဘောလုံး ဦးနှောက်.စွမ်းရည်ကို ရွေးချယ်ခဲ့တာပါ။ အဆိုပါ ဘယ်လ်ဂျီယံသားဟာ သူနဲ့ ခေတ်ပြိုင် ကစားသမားတွေထဲမှာ ဘောလုံးဦးနှောက်စွမ်းရည် အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ပြီး၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ အသက် ၃၀အရွယ် ကွင်းလယ်လူ ဒီဘရိုင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ၄-၃ဂိုးနဲ့ စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့တဲ့ပွဲရဲ့ ပွဲချိန် အစောပိုင်းမှာ ခေါင်းတိုက်ကာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

ZAWGYI: ချဲလ်ဆီး တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်ကို ဖန်တီးဖို့ ကစားသမား လေးယောက်ရဲ့ အရည်အချင်းတွေကို ပေါင်းစပ်လိုက်ပြီး၊ ဒီထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်စွမ်းရည်လည်း ပါဝင်နေပါတယ်။ အသက်၂၂နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ သောမတ်စ် တူချယ်ရဲ့ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေပြီး၊ ဟားဗက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ပွဲကစားကာ၊ သွင်းဂိုး၁၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ် ပေးထားပါတယ်။

ကိုင်ဟားဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်မှာ လေဗာကူဆင် အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း၇၀နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး၊ အလားအလာ အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့တဲ့ အစောပိုင်း ကာလတွေမှာ ခန့်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပဲ၊ ပွဲဦးထွက် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၅ပွဲကစားကာ သွင်းဂိုး၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ကြိမ်သာပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်ဟာ ဒီရာသီမှာ သောမတ်စ် တူချယ်ရဲ့ အသင်းအတွက် အထူး ခြေစွမ်းပြနေပြီး၊ ချဲလ်ဆီး အသင်းဟာ ဒီရာသီကို အဆင့်၃နေရာနဲ့ အဆုံးသတ်နိုင်ဖို့ ရှိနေတဲ့အပြင် အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ တက်ရောက်ထားနိုင်တာ တွေ့ရပါတယ်။ ဟားဗက်ဇ်ရဲ့ အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မေလ ၁၄ရက်နေ့မှာ လီဗာပူးလ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ သူ့အနေနဲ့ ချဲလ်ဆီး အသင်းအတွက် ဆုဖလား ရရှိအောင် ကူညီပေးနိုင်မလား ဆိုတာကို စောင့်ကြည့်သွားရမှာပါ။

သူ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက် ရွေးချယ်ဖို့ သတင်းဌာန တစ်ခုက မေးမြန်းခဲ့ရာမှာ ဟားဗက်ဇ်က ကစားသမား လေးယောက်ရဲ့ အရည်အချင်းတွေကို ပေါင်းစပ်ကာ ပြီးပြည့်စုံတဲ့ ကစားသမား အဖြစ် ရွေးချယ်ပေးခဲ့ပါတယ်။ ဒီဂျာမန်သားရဲ့ ရွေးချယ်မှုထဲမှာ ဥရောပ ဘောလုံးလောကမှ ခံစစ်တွေကို အကြိမ်ကြိမ် ချိုးဖျက်ပြခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ ဘယ်ခြေ.စွမ်းရည် ပါဝင်နေပြီး၊ မက်ဆီဟာ ကလပ်အသင်း ကစားသမား ဘဝမှာ ၈၀၉ပွဲကစားကာ ၆၈၁ဂိုးသွင်းယူထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဒါ့အပြင် ဟားဗက်ဇ်က ညာခြေ.စွမ်းရည် အတွက် ရွေးချယ်ရာမှာ မက်ဆီရဲ့ အသင်းဖော် နေမာကို ရွေးချယ်ထားပြီး၊ ဒီဘရာဇီးလ်သားဟာ ကလပ်အသင်း ကစားသမား ဘဝမှာ ၄၆၂ပွဲကစားကာ သွင်းဂိုး၂၇၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇၁ကြိမ်ပြုလုပ် ထားနိုင်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးဟာ ခေါင်းတိုက်.စွမ်းရည် အတွက် ရွေးချယ်ရာမှာ မယုံနိုင်စရာ အမြင့်ခုံကာ ခေါင်းတိုက်ဂိုးတွေ သွင်းယူနိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရွေးချယ်လိုက်ပြီး၊ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်ထိ ခေါင်းတိုက်သွင်းဂိုး ၁၁၁ဂိုးသွင်းယူထားပါတယ်။