ဒေးဗစ်ဘက်ခမ်းက ကာတာမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားရဲ့ အချိန်တွေက အင်္ဂလန်ကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂါးရတ်ဆောက်ဂိတ်ရဲ့ အသင်းကလည်း အဓိက ဆုဖလားတွေကို ရယူနိုင်ဖို့ ၅၆ နှစ်ကြာ စောင့်ဆိုင်းနေခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၄နှစ်က ရုရှားမှာ ဆီးမီးဖိုင််နယ်အထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ယူရို ၂၀၂၀ ဖိုင်နယ် မှာလည်း အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရ​ပြီး ဆုဖလားနဲ့ ဝေးကွာခဲ့ရ ပြန်ပါတယ်။ ဇွန်လ နေးရှင်းလိဂ်မှာတော့ ဟန်ဂေရီကို ၂ ပွဲလုံး ရှုံးနိမ့်ခဲ့ပြီး ဂျာမနီနဲ့ အီတလီအသင်း​တို့ကို သရေရလဒ် ထွက်ပေါ်ကာ ဆိုးဝါးတဲ့ လတစ်လကို ဖြတ်သန်းခဲ့ရပါတယ်။

ဒါပေမဲ့ အင်္ဂလန် အသင်းကတော့ ကမ္ဘာ့ဖလား အတွက် ရေပန်းအစားဆုံး အသင်း​တွေထဲက တစ်သင်းအဖြစ် ထင်ကြေးပေးခံနေရဆဲပါ။ ဘက်ခမ်းဟာ သူ့ကစားသမားဘဝ အတွင်း ကမ္ဘာ့ဖလား ၃ ကြိမ်အထိ ပါဝင်ခဲ့ပြီး ၁၁၅ ပွဲအထိ အနိုင်ရရှိဖူးသူပါ။ ဒါပေမဲ့ သူကစားခဲ့စဥ်ကလည်း အောင်မြင်မှုတွေနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းဟာ လာမဲ့ နိုဝင်ဘာ ၂၁ ရက်မှာ သူတို့ရဲ့ အုပ်စု (ခ) ပွဲစဥ်အဖြစ် အီရန်နဲ့ ကစားရမှာဖြစ်ပြီး ဘက်ခမ်းက ဒီပြိုင်ပွဲရဲ့ အချိန်က ဆောက်ဂိတ်ရဲ့ အသင်းအတွက် သင့်တော်မှာပါလို့ ပြောဆိုခဲ့ပါတယ်။

သူက အင်္ဂလန်နဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း နဗီးရဲ့အဆိုနဲ့ ပတ်သတ်ပြီး ” ကျွန်တော့် အသင်းအတွက် ဒါဟာ ကြီးမားတဲ့ အခွင့်အရေး တစ်ခုလို့ ခံစားမိပါတယ်။ ခင်ဗျားပြောခဲ့သလိုပဲ ကျွန်တော်တို့ ဒါကို ဆင်ခြေတစ်ခုအဖြစ် ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှန်ပြောရရင် ကျွန်တော်တို့ ပရီးမီယားလိဂ်မှာ အရမ်းပြင်းထန်တဲ့ ရာသီတစ်ခုရဲ့ အဆုံးကို ရောက်ရှိခဲ့ပါပြီ။ ကမ္ဘာ့ အခက်ခဲဆုံး လိဂ် တစ်ခုဖြစ်ပြီး ခင်ဗျားတို့ ပင်ပန်ပြီး အနားလိုချင်မှာပါ။ ဒီလို ခက်ခဲတဲ့ ရာသီကနေ ပြန်လည်ကောင်းလာဖို့ အချိန်လိုအပ်ပါတယ်။ ”

” ဒါပေမဲ့ ဒီကစားသမားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည် ထိပ်ဆုံးကို ရောက်ရှိနေချိန် ပရီးမီးယားလိဂ် ရာသီရဲ့ အလယ်ကို ရောက်နေပါပြီ။ သူတို့ ကစားပွဲရဲ့ ထိပ်ဆုံးမှာ ရပ်တည်ဖို့ အကြောင်းပြချက် မရှိသလို ဆင်ခြေပေးတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်တို့ ကစားသမားတွေအတွက် လာမဲ့ ကမ္ဘာ့ဖလားဟာ အရမ်းကို ကြီးမားတဲ့ အခွင့်အရေးပါ။ ကျွန်တော်တို့မှာ လူငယ်တွေနဲ့ စုဖွဲ့ထားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အသင်းတစ်သင်း ရှိပါတယ်။ ကျွန်တော်တို့မှာ ဒီကစားသမားတွေနဲ့ အချိန်အကြာကြီး လက်တွဲခဲ့တဲ့ နည်းပြလည်း ရှိပါတယ်။”

” ဒီ အင်္ဂလန်အသင်း ကစားတာ ကြည့်ရတာ ကျွန်တော် တကယ်နှစ်သက်ပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှားစရာကောင်းပြီး ခံစားချက် အပြည့်နဲ့ ကစားနေတာပါ။ သူတို့ ဆုဖလားကို ရယူချင်နေတဲ့ ပုံစံမျိုးနဲ့ ကစားတာပါ။ အင်္ဂလန် ပရိတ်သတ်တစ်ယောက် အနေနဲ့ ဒါ ခင်ဗျားတို့ မြင်ချင်တဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေဟာ ဒီအသင်းရဲ့ နောက်က အားပေးဖို့ အတူရှိနေပါတယ်။ အချိန်တစ်ခုအတွက် ကျွန်တော် ပြောချင်တာကတော့ နိုင်ငံအသင်းအတွက် အချစ်လျော့မသွားစေဖို့ ပြောချင်ပါတယ်။ ”

” ဒါပေမဲ့ အဆက်အသွယ်တွေ ပျက်နေခဲ့တာပါ။ အခုတော့ အဆက်အသွယ်တွေ ရှိနေပါပြီ။ ပြီးတော့ ဂါးရတ်​ဆောက်ဂိတ်က သူ့အသင်းနဲ့ အံ့သြစရာ အလုပ်ကို လုပ်ဆောင်ခဲ့ပြီလို့ ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် ကစားသမား​ဟောင်း ဘက်ခမ်းက လက်ရှိ အင်္ဂလန်အသင်းကို ချီးကျူးပြောဆိုခဲ့ပါသေးတယ်။ လူမျိုးရေး ခွဲခြားမှုနဲ့ အခြား ကိစ္စရပ်တွေမှာ ပရိတ်သတ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ ၊ စတာလင်တို့လို ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။ သူက ဆက်လက်ပြီး

” ဒီ အသင်းမှာ စိတ်လှုပ်ရှားစရာတွေ ရှိနေပါတယ်။ ကျွန်တော် ဒီကစားသမားတွေအကြောင်းကို ပြောနေတာပါ။ ပြီးတော့ သူတို့ဟာ ကစားသမားတွေ ဆိုတာထက် ပိုပါတယ်။ ဒီ မျိုးဆက်သစ် ကစားသမားတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် နှစ်သက်တာ တစ်ခုက အထူးသဖြင့် အင်္ဂလန်မှာဆိုရင် ကွင်းတွင်းမှာ ရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကွင်းအပြင်မှာပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြတာပါပဲ။ ရက်ရှ်ဖို့ လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကို ကျွန်တော် တွေ့ပြီးပါပြီ။ ပြီးတော့ စတာလင်နဲ့ အခြားကစားသမားတွေ လုပ်ဆောင်နိုင်ခဲ့တာတွေရောပေါ့။ ”

” အကောင်းဆုံး အရာကတော့ သူတို့ကွင်းအပြင်မှာ လုပ်ဆောင်တာ အံသြစရာပါ။ သူတို့ရဲ့ ပွဲစဥ်တွေကို အသုံးချပြီး လူတွေကို ​ကူညီပေးခဲ့ပါတယ်။ ပြောင်းလဲအောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုမှာတော့ သူတိူ့ အခြားလူတွေကို ကူညီနေပါပြီ။ ပြီးတော့ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ပတ်သတ်ပြီး လူတွေကို ပညာပေးဖို့ ကူညီနေတာပါ။ သူတို့ နေ့စဥ် ဖြတ်သန်းနေတဲ့ အရာတွေ ၊ သူတို့ ပြောင်းလဲပေးနေတာတွေကြောင့်ပဲ ဒီမျိုးဆက်နဲ့ ဒီကစားသမား အစုအဖွဲ့ကို ကျွန်တော် အတော်လေး နှစ်သက်မိပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် အုပ်စုပွဲစဥ်တွေမှာ နိုင်ပွဲမရှိခဲ့ပေမဲ့ လာမဲ့ကမ္ဘာ့ဖလားမှာ ပုံစံကောင်း ပြန်လည် ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။

ZAWGYI: ဒေးဗစ်ဘက်ခမ်းက ကာတာမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားရဲ့ အချိန်တွေက အင်္ဂလန်ကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂါးရတ်ဆောက်ဂိတ်ရဲ့ အသင်းကလည်း အဓိက ဆုဖလားတွေကို ရယူနိုင်ဖို့ ၅၆ နှစ်ကြာ စောင့်ဆိုင်းနေခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၄နှစ်က ရုရှားမှာ ဆီးမီးဖိုင််နယ်အထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ယူရို ၂၀၂၀ ဖိုင်နယ် မှာလည်း အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရ​ပြီး ဆုဖလားနဲ့ ဝေးကွာခဲ့ရ ပြန်ပါတယ်။ ဇွန်လ နေးရှင်းလိဂ်မှာတော့ ဟန်ဂေရီကို ၂ ပွဲလုံး ရှုံးနိမ့်ခဲ့ပြီး ဂျာမနီနဲ့ အီတလီအသင်း​တို့ကို သရေရလဒ် ထွက်ပေါ်ကာ ဆိုးဝါးတဲ့ လတစ်လကို ဖြတ်သန်းခဲ့ရပါတယ်။