၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကတော့ ယခုနှစ်ကုန်လောက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး ထူးခြားတာတွေ မဖြစ်ဖို့ မျှော်လင့်ရပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဘောလုံးလောကမှာရှိတဲ့ ကြယ်ပွင့် ကစားသမား တို့အတွက် အရည်အသွေးတွေ ချပြရမဲ့ နေရာပါ။ သူတို့ဟာ သူတို့ရဲ့ နိုင်ငံအသင်းနဲ့အတူ အကြီးမားဆုံး ဆုဖလားအတွက် တိုက်ပွဲဝင်ရမှာပါ။

ကမ္ဘာ့ဖလားဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ဒါဟာ ဒီ ထိပ်သီး ကစားသမားတွေဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအတွက် သူတို့ရဲ့ နိုင်ငံနဲ့အတူ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့်ပါ။ ကဲ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို လွဲချော်သွားမဲ့ ထိပ်သီးကစားသမားတွေက ဘယ်သူတွေဖြစ်မလဲ?

(၅) လူးဝစ်ဒီယက် – ကိုလံဘီယာ။ ။ လီဗာပူး အသင်းဟာ လူးဝစ်ဒီယက်ကို ပေါ်တိုကနေ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူရို ၄၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ကိုလံဘီယာသားကတော့ အင်္ဂလန်မြေမှာ ပုံစံကောင်း ပြသထားနိုင်သူပါ။ သူဟာ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ တောင်ပံ ကစားသမားဖြစ်ပြီး ဥရောပမှာ တောက်ပလာတဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီယက်အတွက် ကံမကောင်းတာ တစ်ခုကတော့ သူ့ရဲ့ နိုင်ငံအသင်းဖြစ်တဲ့ ကိုလံဘီယာဟာ ​ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ လာမဲ့ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာနဲ့ ဒီယက်တို့ မပါဝင်နိုင်တာက စိတ်မကောင်းစရာပါ။

(၄) ဗာရက်တီ – အီတလီ။ ။ အီတလီကတော့ သူတို့ရဲ့ playoffs ဆီမီးဖိုင်နယ် ပွဲစဥ်မှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို အံ့အားသင့်စွာပဲ ရှုံးနိမ့်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ဥရောပ ချန်ပီယံ အသင်းဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရရှိမှာ မဟုတ်တော့ပါဘူး။ ဒါဟာ အီတလီအသင်းအတွက် ဒုတိယမြောက်အကြိမ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခြင်း ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ အချို့သော ကမ္ဘာ့အ​ကောင်းဆုံး ကစားသမားတွေကတော့ ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ မတွေ့မြင်နိုင်တော့ပါဘူး။ ဒီအထဲမှာ ဗာရက်တီလည်း တစ်ဦး အပါအဝင်ပါ။ဗာရတ်တီကဟာ လက်ရှိ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အသက် ၃၀ အရွယ်ကို ကျော်လွန်နေပြီဖြစ်ပြီး ၂၀၂၆ အတွက် ပါဝင်နိုင်ဦးမလား ဆိုတာတော့ မသေချာပါဘူး။

(၃) ဒွန်နာရမ်မာ – အီတလီ။ ။ အီတလီနဲ့အတူ လာမဲ့ ကမ္ဘာ့ဖလားကို လွဲချော်ရတော့မဲ့ နောက်ထပ်စတား တစ်ဦးကတော့ ဒွန်နာရမ်မာပါပဲ။ ပီအက်ဂျီ ဂိုးသမားဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီနဲ့အတူ ပွဲစဥ်တစ်လျောက် အကောင်းဆုံး ကစားသမားဆု ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပါ။ အီတလီ အသင်းကို ဥရောပချန်ပီယံရှစ် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဥ်တွေမှာ ပင်နယ်တီ လက်စွမ်းပြပြီး အကောင်းဆုံး ကူညီပေး နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၃ နှစ်သားဟာ ဘောလုံးလောကရဲ့ စူပါစတား တစ်​ယောက် ဖြစ်ပြီးသားပါ။

(၂) အာလင်းဟာလန်း – နော်ဝေး။ ။ ဟာလန်းဟာ ၂၁ နှစ်သာ ရှိနေသေးပေမဲ့ ပွဲစဥ်တွေမှာ အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီး တိုက်စစ်မှူးဟာ အရမ်းကောင်းမွန်ပြီး လက်ရှိ ပွဲစဥ်တွေမှာ ခြေစွမ်းအပြသဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်ပါ။ ကံမကောင်းစွာပဲ ကျွန်တော်တို့ သူ့ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ တွေ့မြင်ခွင့် ရမှာမဟုတ်ပါဘူး။

နော်ဝေး အသင်းရဲ့ ကံကြမ္မာကတော့ အုပ်စု (ဆ) မှာ နယ်သာလန်နဲ့ တူရကီတို့နောက် တတိယနေရာနဲ့ ရပ်တည်ကတည်းက မျှော်လင့်ချက် ပျက်စီးခဲ့ပါပြီ။ ဒီပြိုင်ပွဲဟာ ဟာလန်းတစ်ယောက် တောက်ပဖို့ အကောင်းဆုံး နေရာပါ။ သူလည်း ဘယ်လောက် ခြေစွမ်းကောင်းကြောင်း မျက်လှည့်ဆန်တဲ့ အခိုက်အတန့်မျိုးကို ပြသချင်မှာပါ။ ဒါပေမဲ့ သူ့ကို တွေ့မြင်ရဖို့ နောက်ထပ် ၄ နှစ်အထိ ကျွန်တော်တို့ စောင့်ဆိုင်းရတော့မှာပါ။

(၁) မိုဟာမက်ဆာလတ် – အီဂျစ်။ ။ အီဂျစ်ဟာ အသင်းကြီး တစ်သင်း မဟုတ်တာကြောင့် လူတိုင်းကတော့ သူ့ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ လွဲချော်ရဦးမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အဓိက ကစားသမား ဆာလတ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ လက်ရှိရာသီ လီဗာပူးမှာ အကောင်းဆုံး ခြေစွမ်းပြသထားနိုင် သူပါ။ ဒါပေမဲ့ အီဂျစ် အသင်းကတော့ ခြေစစ်ပွဲ ဖိုင်နယ်မှာ ဆီနီဂေါ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲစဥ်မှာ ဆာလတ်ဟာ ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာတော့ ဆီနီဂေါ ပရိတ်သတ်တွေဟာ ဆာလတ်ရဲ့ မျက်လုံးကို လေဆာနဲ့ ထိုးခဲ့တာကို တွေ့မြင်ရမှာပါ။ ဆာလတ်ဟာ အစောပိုင်း ကတည်းက ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အကောင်းဆုံး အချိန်မှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့တာဟာ စိတ်မကောင်းစရာပါ။

ZAWGYI: ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကတော့ ယခုနှစ်ကုန်လောက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး ထူးခြားတာတွေ မဖြစ်ဖို့ မျှော်လင့်ရပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဘောလုံးလောကမှာရှိတဲ့ ကြယ်ပွင့် ကစားသမား တို့အတွက် အရည်အသွေးတွေ ချပြရမဲ့ နေရာပါ။ သူတို့ဟာ သူတို့ရဲ့ နိုင်ငံအသင်းနဲ့အတူ အကြီးမားဆုံး ဆုဖလားအတွက် တိုက်ပွဲဝင်ရမှာပါ။