လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စကာတယ်ဟာ အနာဂတ်မှာ ကလော့ရဲ့ နေရာကို ဆက်ဆံနိုင်တဲ့ တစ်ဦးထဲသော နည်းပြကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စကာတယ်ဟာ (၂၀၀၈)ခုနှစ် ဇန်နဝါရီမှာ လီဗာပူးလ်အသင်းထံကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး စကာတယ်ရဲ့ လီဗာပူးလ် အပေါ် ပေးဆပ်ကစားခဲ့တဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေကြားထဲ ရေပန်းစားတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့တာပါ။

စကာတယ်ဟာ ဖီနာဘာချီကို မပြောင်းရွှေ့ခင် ကလော့ရဲ့ လက်အောက်မှာ ရာသီဝက် ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ စကာတယ် အနေနဲ့ အသင်းဖော်ဟောင်း စတီဗင်ဂျာရက်ဟာ ကလော့ရဲ့နေရာကို အစားထိုးနိုင်တဲ့ သူအဖြစ် ယုံကြည်လျက် ရှိနေတာပါ။ စကာတယ်က နာမည်ကြီး သတင်းစာ တစ်ခုနဲ့ အင်တာဗျုးမှာ တစ်နေ့မှာ ကလော့ရဲ့နေရာကို ဆက်ခံနိုင်မယ့်သူနဲ့ ပတ်သက်ပြီးတော့ အခုလိုမျိုး အကြံပေး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

စကာတယ်က ” တနေ့မှာ လီဗာပူးလ်ပဲ ဖြစ်ဖြစ် ကလော့ကပဲ ဖြစ်ဖြစ် ကွဲပြားတဲ့ နည်းလမ်းတွေနဲ့ သွားဖို့ ဆုံးဖြတ်တဲ့ အခါမှာ လီဗာပူးလ်တို့ဟာ လူသစ်တွေကို လိုလာပါလိမ့်မယ်၊ ဒီထဲမှာ အသင်းရဲ့ နည်းပြသစ်လည်း လိုလာပါလိမ့်မယ်၊ ဒါက ပြည့်စုံတဲ့ နည်းလမ်း ဖြစ်ပါလိမ့်မယ်၊ ကလပ်နဲ့ စတီဗင် အတွက်လည်း ပြည့်စုံတဲ့ ခြေလှမ်း ဖြစ်ပါလိမ့်မယ်၊ ခုချိန်မှာ ကျွန်တော်တို့ အတွက် ကလော့ ရှိနေပါတယ်၊ ပြီးတော့ သူက ကလပ် အတွက် အကောင်းဆုံး နည်းပြတစ်ယောက်ပါပဲ၊

ဂျာရက်ဟာ လက်ရှိ အချိန်မှာ အတေ့အကြုံတွေ အများကြီး ရနေပါပြီ၊ ကလော့ ထွက်ခွာခဲ့ပြီးရင် နည်းပြသစ်အဖြစ် ကျွန်တော် စတီဗင်ကိုပဲ မြင်နေပါတယ်၊ သူက ရိန်းဂျားမှာ နည်းပြလုပ်ခဲ့တယ်၊ အကောင်းဆုံးတွေ လုပ်ပြခဲ့ပါတယ်၊ အခုတော့ အက်စတွန်ဗီလာမှာ ရှိနေပါပြီ၊ အဲ့ဒီမှာလည်း အကောင်းဆုံးတွေ လုပ်ပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ စတီဗင်ဟာ ကွင်းထဲမှာဆိုရင် ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေ ရှိတဲ့ သူပါ၊ ဒီလူက ဘောလုံးကိုချစ်တယ်၊ ဘောလုံးအကြောင်းကို နားလည်တဲ့ သူပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျာရက်ဟာ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့တာ (၄)နှစ် ရှိနေပြီဖြစ်ပြီး ရိန်းဂျားအသင်းမှာ (၃)နှစ်ကြာ ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာကို တစ်နှစ် တာဝန်ယူခဲ့ ပြီး ဖြစ်ပါတယ်။ ဂျာရက်ဟာ အက်စတွန်ဗီလာအသင်းကို ပြောင်းမလာခင် ရိန်းဂျားအသင်းကို စကော့တလန်လိဒ်မှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အဖြစ် စကော့တလန် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာတော့ ဂျာရက်ရဲ့ ဗီလာဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)နဲ့သာ ရာသီသိမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နွေရာသီမှာတော့ ဗီလာတို့ဟာ ရာသီသစ်အတွက် ကစားသမား သစ် ခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဗာတန်က လူးကပ် ဒစ်နီကို ခေါ်ယူခဲ့သလို ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ ခေါ်ထားခဲ့တဲ့ ဘာစီလိုတာ ကစားသမား ကော်တင်ဟိုကိုလည်း အပြီးသတ် ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီယေဂို ကားလို့နဲ့ ကာမာရာတို့ကိုပါ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဗီလာနဲ့ ပထမရာသီမှာ ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တဲ့ ဂျာရက်တစ်ယောက် လာမယ့် ရာသီသစ်မှာတော့ ဗီလာနဲ့ အတူ ပရီးမီးယားလိဂ်မှာ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားရဦးမှာပါ။

ZAWGYI: လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စကာတယ်ဟာ အနာဂတ်မှာ ကလော့ရဲ့ နေရာကို ဆက်ဆံနိုင်တဲ့ တစ်ဦးထဲသော နည်းပြကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စကာတယ်ဟာ (၂၀၀၈)ခုနှစ် ဇန်နဝါရီမှာ လီဗာပူးလ်အသင်းထံကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး စကာတယ်ရဲ့ လီဗာပူးလ် အပေါ် ပေးဆပ်ကစားခဲ့တဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေကြားထဲ ရေပန်းစားတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့တာပါ။