၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းဝတ်ဆင်ကစားနိုင်ချေရှိတဲ့ ဂျာစီဒီဇိုင်း ၃ခု အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့ပြီး ပြိုင်ပွဲရဲ့အဆိုးရွားဆုံးဂျာစီလို့တောင် မှတ်ချက်ပေးခံနေရတာပါ။

နည်းပြဖာနန်ဒိုဆန်းတို့စ်ရဲ့အသင်းဟာ လွန်ခဲ့တဲ့ ၆နှစ်က ယူရိုချန်ပီယံအဖြစ်အောင်ပွဲခံထားတဲ့နောက် လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်တစ်ကြိမ်အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဒီတစ်ကြိမ်ကမ္ဘာ့ဖလားဟာ စီရော်နယ်ဒိုအတွက် နောက်ဆုံးကမ္ဘာ့ဖလားလဲဖြစ်လာနိုင်ပြီး ဒီအတွက် Nike ကစိတ်အားထက်သန်မှုပိုရစေဖို့ ပေါ်တူဂီအသင်းရဲ့ဝတ်စုံကို အလန်းစားဖြစ်အောင်ဒီဇိုင်းဆွဲပေးလိမ့်မယ်လို့ ပရိသတ်တွေတွေးမိကြမှာပါ။

ဒါဆိုရင်မှားသွားပါလိမ့်မယ်။ ယုံကြည်ရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Footy Headline ရဲ့ဖော်ပြချက်အရ ပေါ်တူဂီအသင်းဟာကမ္ဘာ့ဖလားမှာ အနီတစ်ဝက်အစိမ်းတစ်ဝက်ဂျာစီကို ဝတ်ဆင်ကစားရဖွယ်ရှိတယ်လို့သိရပါတယ်။

Nike ဘက်က ဘယ်လို pattern မျိုးနဲ့ဒီဇိုင်းဆွဲပေးမယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အွန်လိုင်းပေါ်မှာပျံ့နှံ့လာတဲ့ဒီဇိုင်းတွေကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

သေချာပေါက် ပရိသတ်တွေရဲ့အမြင်အာရုံကို ဖမ်းစားသွားတယ်မဟုတ်လား။ ကောင်းတဲ့နည်းနဲ့တော့မဟုတ်ဘူးပေါ့။ ပရိသတ်တွေကတော့ ဒီဇိုင်းကိုဘယ်လိုမှလက်မခံနိုင်ကြဘဲ ဟာသတွေတောင်လုပ်နေကြပါပြီ။

ပရိသတ်တစ်ဦးက’ ကမ္ဘာပေါ်မှာဘယ်လိုအရာတွေကိုငါမြင်နေရတာလဲ။ ဆိုးလိုက်တာကွာ’ လို့မှတ်ချက်ပေးခဲ့သလို နောက်တစ်ယောက်ကလဲ’ ဒီနှစ်တော့ ပေါ်တူဂီဂျာစီမဝယ်ဖြစ်လောက်တော့ဘူး’ လို့မှတ်ချက်ပေးခဲ့တာပါ။

အခြားသောပရိသတ်တစ်ဦးကလဲ’ ဒါကဘာကြီးလဲ။ ဟာသပဲကွာ’ လို့မှတ်ချက်ပြုခဲ့သလို နောက်တစ်ဦးကလဲ’ အမှိုက်နဲ့တူတာကြီးတော့လာနေပြီဟေ့’ လို့နောက်ပြောင်ခဲ့ကြပြန်ပါတယ်။

ရော်နယ်ဒိုတစ်ယောက်ကတော့ ဘယ်လိုဂျာစီပဲဝတ်ဝတ် ဂိုးသွင်းဖို့ကိုသာအာရုံစိုက်ထားမှာဆိုပေမယ့် နောက်ဆုံးကမ္ဘာ့ဖလားမှာ ဂျာစီလန်းလန်းလေးဝတ်ဆင်ချင်မှာတော့ အသေချာပါပဲ။

ZAWGYI: ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းဝတ်ဆင်ကစားနိုင်ချေရှိတဲ့ ဂျာစီဒီဇိုင်း ၃ခု အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့ပြီး ပြိုင်ပွဲရဲ့အဆိုးရွားဆုံးဂျာစီလို့တောင် မှတ်ချက်ပေးခံနေရတာပါ။