မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီနွေရာသီမှာ ကစားရမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ တောင်ပံကစားသမားလေး ဖာကွန်ဒိုပယ်လီစထရီကို အခွင့်အရေး ပေးသွားမယ်လို့ သိရပါတယ်။ ပါရမီရှင်ကစားသမားလေးဟာ နိုင်ငံပွဲစဉ်တွေ အတောအတွင်း ဥရုဂွေးလက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားလျက်ရှိပေမယ့် ဒီရာသီ စပိန်ကလပ် အလာဗက်စ်ကို အငှားထွက်ကစားခဲ့ရာမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက လာလီဂါကလပ်ကို တစ်ကျော့ပြန် အငှားထွက်ကစားခဲ့တာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီရဲ့ ဒုတိယရာသီဝက်ကိုလည်း အဲ့ဒီမှာပဲ ဖြတ်သန်းခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ် ၆ ပွဲသာ ကစားခဲ့ရပါတယ်။ ရလဒ် အနေနဲ့ကတော့ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ် အနာဂတ်က မတည်ငြိမ်တော့တဲ့ အနေအထား ဖြစ်လာတာပါပဲ။

ဒါပေမယ့် မန်ချက်စတာညနေခင်း သတင်းရဲ့ အဆိုအရ လာမယ့်ရာသီ ပထမအသင်းမှာ နေရာတစ်နေရာ ရဖို့အတွက် ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသခွင့်ရရှိလိမ့်မယ်လို့လည်း သိရပါတယ်။ နည်းပြတန်ဟတ်က ယူနိုက်တက်ရဲ့တောင်ပံတွေမှာ ကစားသမား လိုအပ်နေတာကြောင့် တိုက်စစ်ကစားသမားလေးရဲ့ တိုးတက်မှုကို ဒီနွေရာသီ ရာသီကြိုခြေစမ်းပွဲတွေမှာ စောင့်ကြည့်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ထပ်အငှားချမလား၊ လာမယ့်ရာသီ အသင်းမှာ ပုံမှန်နေရာတစ်ခု ရလာမလားဆိုတာကတော့ ရာသီကြိုခြေစမ်းပွဲတွေက အသက် ၂၀ အရွယ် ကစားသမားလေးရဲ့ ခြေစွမ်းအပေါ် မူတည်လာခဲ့ပါတယ်။ လက်ရှိဥရုဂွေးအသင်းရဲ့ ပွဲစဉ်တွေမှာတော့ ပယ်လီစထရီရဲ့ ခြေစွမ်းက ထိပ်တန်းအဆင့်မှာ ရှိနေပေမယ့်လည်း ကလပ်အသင်းမှာ ပုံမှန်နေရာရမှသာ လာမယ့်ဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဥရုဂွေးအသင်းမှာ ရွေးချယ်ခံရမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်တလောမှာ နည်းပြသစ်နဲ့အတူ ခေတ်သစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေပြီး ကာလရှည်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ ညာတောင်ပံနေရာကလည်း ပယ်လီစထရီရဲ့ အကောင်းဆုံးကစားနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

လက်ရှိနိုင်ငံအသင်းမှာ ၆ ပွဲ ကစားထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာကြောင့် ခြေစွမ်းပြနိုင်ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ ပယ်လီစထရီကို ၂၀၂၀ နွေရာသီတုန်းက ဥရုဂွေးကလပ် ပင်နယ်ရိုလ်ကနေ ယူရို ၁၀ သန်း( ပေါင် ၈.၅ သန်း) နဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီနွေရာသီမှာ ကစားရမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ တောင်ပံကစားသမားလေး ဖာကွန်ဒိုပယ်လီစထရီကို အခွင့်အရေး ပေးသွားမယ်လို့ သိရပါတယ်။ ပါရမီရှင်ကစားသမားလေးဟာ နိုင်ငံပွဲစဉ်တွေ အတောအတွင်း ဥရုဂွေးလက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားလျက်ရှိပေမယ့် ဒီရာသီ စပိန်ကလပ် အလာဗက်စ်ကို အငှားထွက်ကစားခဲ့ရာမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။