ဘာစီလိုနာနည်း ဇာဗီဟာ အသင်းရဲ့ ပထမအသင်း ကစားသမား ၄ ဦးကို ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ လာရောက် မပူးပေါင်းဘဲ အသင်းသစ် ရှာဖွေသွားရန် ပြောထားတယ်လို့ သိရပါတယ်။ စပိန်အင်အားကြီး ကလပ်ဟာ ဘဏ္ဍရေး ပြသနာတွေနဲ့ ရုန်းကန်နေရကာ ပြီးခဲ့တဲ့ နွေရာသီက လီယွန်နယ်မက်ဆီကို လက်လွှတ်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း ကစားသမား ရောင်းချမှု တစ်ချို့ လုပ်ထားခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကလပ်ရဲ့ TV right ၁၀% ကို ရောင်းချကာ ပေါင် ၁၇၆ သန်း raise လုပ်နိုင်ခဲ့ပေမယ့်လည်း ကမ့်နူးမှာ ဘဏ္ဍာရေးအခြေအနေ ကတော့ စိုးရိမ်စရာ ဖြစ်နေဆဲပါ။

ကစားသမားတွေ ခေါ်ယူဖို့နဲ့ register လုပ်နိုင်ဖို့ အတွက် ဘာစီလိုနာဟာ အသင်းရဲ့ ကစားသမား တစ်ချို့ကို အရင် ရှင်းထုတ်သွားဖို့ လိုအပ်နေပြီး ဇာဗီဟာ လက်ရှိမှာ ကစားသမား ၄ ဦးနဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက် ချလိုက်တဲ့ ပုံစံမျိုးပါပဲ။ စပိန် နာမည်ကြီး outlet ဖြစ်တဲ့ Mundo Deportivo က ဇာဗီဟာ အကယ်ဒမီစတားတွေ ဖြစ်ကြတဲ့ အော်စကာမန်ဂီဇာ နဲ့ ရီကီပူ့ခ်ျ တို့ကို ၎င်းရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းထားခြင်း မရှိတာကြောင့် ရာသီကြိုလေ့ကျင့်မှု အစီအစဉ်ကို လာရောက် မပူးပေါင်းရန် ပြောတယ်လို့ သိရပါတယ်။

မန်ဂီဇာဟာ ဇာဗီ ရောက်လာခဲ့ပြီးနောက်ပိုင်း ၁၄ ပွဲသာ ကစားခွင့်ရခဲ့ပြီး ရစ်ကီပူ့ခ်ျ ကတော့ ၁၂ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ဒီကစားသမား ၂ ဦးစလုံးဟာ လာမည့်ရာသီမှာ ကလပ်နဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဘာစီလိုနာဟာ လာမည့် ၁၂ လမှာ free transfer နဲ့ လက်လွှတ်ရမှာထက် ယခုနွေရာသီမှာ ငွေကြေးတစ်စုံတစ်ရာနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကတ်တလန်ကလပ်ကနေ အနှေးနဲ့အမြန် ထွက်ခွာသွားမယ့် နောက်တစ်ဦးကတော့ ဗဟိုနောက်ခံလူ ဆယ်မြူရယ်အမ်တီတီ ဖြစ်ပြီး ပြင်သစ် နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၆ က လီယွန်ကနေ ရောက်လာခဲ့သူ ဖြစ်ပေမယ့်လည်း ကမ့်နူးမှာ ဒဏ်ရာပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန်ခဲ့ရသူ တစ်ဦးပါ။

အမ်တီတီဟာ လာမည့်နှစ် နွေရာသီမှာ ကလပ်နဲ့စာချုပ်ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘာစီလိုနာဟာ ဇန်နဝါရီက မန်စီးတီးကနေ ဖာနန်တောရက်စ်ကို ခေါ်ယူပြီးနောက် register လုပ်ဖို့ ကြိုးပမ်းရာမှာ ပြင်သစ်နောက်ခံလူကို ၂၀၂၆ ခုနှစ်ထိ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ၎င်းရဲ့ လစာတွေကို လျော့ချပေးတဲ့ အစီအစဉ် လုပ်ဆောင်ခဲ့ပါတယ်။ ကမ့်နူးမှာ အနာဂတ် မရှိတော့ဘူးလို့ ပြောခံရတဲ့ နောက်ထပ် ကစားသမား တစ်ဦးကတော့ မာတင်ဘရိတ်ဝိတ်ပဲ ဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ဟာ ၂၀၁၉-၂၀ ရာသီ၀က်မှာ လီဂါနက်ကနေ ဘာစီလိုနာကို ရောက်လာခဲ့သူ ဖြစ်ပြီး ကလပ်အတွက် ၅၆ ပွဲကစားကာ ၁၀ ဂိုး သွင်းပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေ အပြင် ဇာဗီရဲ့ နှစ်သက်မှုကို မရတာကြောင့် ၅ ပွဲသာ ကစားခဲ့ရပါတယ်။ ဒီကစားသမား ၄ ဦး အသင်းသစ် ရှာဖွေသွားနိုင်မလားဆိုတာ ကိုတော့ ယခုနဲ့ လာမည့် deadline day အထိ စောင့်ကြည့်သွားရမှာ ဖြစ်ပြီး ၎င်းတို့ဟာ အင်တာမိုင်ယာမီ ရီးရဲယ်မက်ဒရစ် ဂျူဗင်တပ် ၊ နယူးရော့ရက်ဘူး တို့နဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲတွေကို သွားကစားမယ့် ဘာစီလိုနာ ရဲ့ pre-season tour မှာ ပါ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။

ဘာစီလိုနာ ကနေ နောက်ထပ် ထွက်ခွာသွားမယ့် ကစားသမား ကတော့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်းဖြစ်ပြီး မန်ယူနိုက်တက်ဟာ နယ်သာလန်စတားကို ခေါ်ယူသွားဖို့ အတွက် ဘာစီလိုနာနဲ့ ပြောင်းရွေ့ကြေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမား ရောင်းချဖို့ ကိစ္စတွေ အပြင် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ကိုလည်း အပြင်းအထန် ကြိုးပမ်းနေပြီး မကြာခင် ဖရန့်ကတ်ဆီ ခရစ်တန်ဆင် တို့ကို register လုပ်တော့မှာ ဖြစ်တဲ့အပြင် ဘိုင်ယန်တိုက်စစ်မှုး လီ၀န်ဒေါစကီး နဲ့ လိဒ်ရဲ့ ရာဖင်ညာ တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

ZAWGYI: ဘာစီလိုနာနည်း ဇာဗီဟာ အသင်းရဲ့ ပထမအသင်း ကစားသမား ၄ ဦးကို ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ လာရောက် မပူးပေါင်းဘဲ အသင်းသစ် ရှာဖွေသွားရန် ပြောထားတယ်လို့ သိရပါတယ်။ စပိန်အင်အားကြီး ကလပ်ဟာ ဘဏ္ဍရေး ပြသနာတွေနဲ့ ရုန်းကန်နေရကာ ပြီးခဲ့တဲ့ နွေရာသီက လီယွန်နယ်မက်ဆီကို လက်လွှတ်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း ကစားသမား ရောင်းချမှု တစ်ချို့ လုပ်ထားခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကလပ်ရဲ့ TV right ၁၀% ကို ရောင်းချကာ ပေါင် ၁၇၆ သန်း raise လုပ်နိုင်ခဲ့ပေမယ့်လည်း ကမ့်နူးမှာ ဘဏ္ဍာရေးအခြေအနေ ကတော့ စိုးရိမ်စရာ ဖြစ်နေဆဲပါ။