ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ ယခု နွေဈေးကွက် အတွင်းမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ဘာမှစဉ်းစားမနေပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေဂျက်ရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ကာ

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်တိုနီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် အေဂျက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား တဦး ဖြစ်သူ အန်တိုနီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် မရရင် ရောင်းချဖို့ စိတ်ကူးမရှိပဲ

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အန်တိုနီကို လိုချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အထိ သုံးစွဲရနိုင်ချေ ရှိပါတယ်။ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ အန်တိုနီကို လာမယ့်ရာသီမှာ အေဂျက်ထက် မန်ချက်စတာ ယူနိုက်တက်ဆီမှာသာ မြင်တွေ့ချင်နေပြီး အန်တိုနီက မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ်တို့မှာ သေချာပေါက် တောက်ပလိမ့်မယ်လို့လည်း ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ရီဗယ်ဒိုက – “အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့ဩဖို့ ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ပါလိမ့်မယ်။”

“မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တာက သူ့ကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် အရွေးခံရအောင် ကူညီနိုင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။ တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ခေါ်ယူနိုင်ဖို့ သူတို့အသင်းရဲ့ တိုက်စစ်မှူး တီမိုဗာနာကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို ဆုံးရှုံးထားရသလို ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းကို ရေရှည် ဦးဆောင်နိုင်သလို ထိပ်တန်းအဆင့် ခြေစွမ်းကိုပါ ပိုင်ဆိုင်ထားတဲ့ ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဒီလစ်ဟာ ချယ်လ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ် ခံစစ်မှူးပဲ ဖြစ်ပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၂နှစ်သာ ကျန်ပါတော့တယ်။

လက်ရှိအချိန်မှာ ဂျူဗင်တပ်က ဒီလစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် ဒီလစ်ကတော့ ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးလိုခြင်း မရှိသေးပဲ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် အသင်းပြောင်းဖို့ စဉ်းစားထားပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေကြောင်း နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနက ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုကလည်း ချယ်လ်ဆီးဟာ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးထားပြီး ချယ်လ်ဆီးက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အတွက် တီမိုဗာနာ + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၄၅သန်းကြား ပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။

ZAWGYI: ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ ယခု နွေဈေးကွက် အတွင်းမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ဘာမှစဉ်းစားမနေပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေဂျက်ရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ကာ