ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား ၁ ဦးဖြစ်တဲ့ ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ကစားသမား ၂ ဦးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုကာ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ သရဲနီတို့ကတော့ အဆိုပါဒတ်ချ်ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့် ဒီနေ့ဒီအချိန်အထိ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးတာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ချဲလ်ဆီးအသင်းကတော့ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို ခေါ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ကစားခွင့်နဲ့ ဆွဲဆောင်နိုင်နေသလို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်လည်း မျှော်လင့်နိုင်ပေမယ့် လန်ဒန်သားတွေကနေ သရဲနီတွေကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပုံပါပဲ။ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းအနေနဲ့ ဒီယွန်းကို ခေါ်ယူမယ့် အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဆီဆာ အက်ဇ်ပလီကွေတာနဲ့ မားကို့စ် အလွန်ဆိုတို့ကို အလိုက်ပေးကမ်းလှမ်းသွားနိုင်ခြေရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းကလည်း ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ အဆိုပါခံစစ်ကစားသမား ၂ ဦးကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ခံစစ်မှူး အန်ဒရေ ခရစ္စတီယန်ဆန်ကိုလည်း မကြာသေးမီကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ဒီယွန်းအတွက် အဆိုပါခံစစ်ကစားသမား ၂ ယောက်အပြင် ငွေကြေးတစ်ရပ်နဲ့သာ အလိုက်ပေးကမ်းလှမ်းလာခဲ့ရင် ဦးစားပေးစဉ်းစားပေးသွားမယ့် အနေအထားမှာရှိနေပါတ်။

အသင်းဥက္ကဌ ယိုအန် လာပေါ်တာကတော့ အဆိုပါကစားသမား ၂ ဦးရဲ့လုပ်နိုင်စွမ်းကို ချီးကျူးသွားခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စပြောဆိုဖို့အတွက်တော့ ငြင်းဆန်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတုန်း CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ လာပေါ်တာက “သူတို့က ချဲလ်ဆီးအသင်းနဲ့ စာချုပ်ရှိနေကြတာ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပိုင်ရှင်သစ်ကိုရော ဒီအချက်ကိုရော လေးစားမှုထားရမယ်။ အခြားအသင်းတွေကို ကိုယ်စားပြုနေတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော်မပြောချင်ပါဘူး”

“ကျွန်တော့်အနေနဲ့ မားကို့စ်နဲ့ ဆီဆာတို့ကို ဘောလုံးသမားတွေအနေနဲ့ လေးစားပါတယ်။ သူတို့က အတော့်အတော်ကို ကောင်းတဲ့ ကစားသမားတွေပါ။ သူတို့အနေနဲ့ သူတို့ရဲ့ အရည်အသွေးကို ချဲလ်ဆီးအသင်းမှာ ပြသနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကို လေးစားသမှုထားတာကြောင့် သူတို့အကြောင်းမပြောချင်ပါဘူး”လို့ ပြောလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပိုင်ရှင်သစ် တော့ဒ် ဘိုးလီရဲ့လက်အောက် ပထမဆုံးနွေရာသီအပြောင်းအရွှေ့ကာလမှာ အလုပ်များနေပြီး ရာဟင်းမ် စတာလင်းကို မန်ချက်စတာစီးတီးအသင်းကနေ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နာပိုလီအသင်းရဲ့ ခံစစ်မှူး ကာလီဒူး ကူလီဘာလီကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက်တော့ ကစားသမားခေါ်ယူမှုတွေက ဒီမှာတင် ရပ်တန့်ဦးမယ့် အလားအလာမရှိဘဲ ဒီယွန်းနဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ကြားက လက်စ်တာစီးတီးအသင်းရဲ့ ခံစစ်မှူး ဝီစလီ ဖိုဖာနာကို ခေါ်ယူဖို့အတွက်လည်း စိတ်ဝင်စားနေပေမယ့်လည်း ဒီနှစ်အစောပိုင်းကမှ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဖိုဖာနာကို ခေါ်ယူဖို့ဆိုရင်တော့ ခက်ခဲမယ့်ပုံပေါ်နေပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား ၁ ဦးဖြစ်တဲ့ ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ကစားသမား ၂ ဦးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုကာ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ သရဲနီတို့ကတော့ အဆိုပါဒတ်ချ်ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့် ဒီနေ့ဒီအချိန်အထိ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးတာဖြစ်ပါတယ်။